1036 - 1040

251 23 1
                                    

အခန်း ၁၀၃၆
ပုဖန်ကိုနှိမ်နင်းရန် စားဖိုမှူးငါးယောက် ပူးပေါင်းခြင်း

ဓားစွမ်းရည်အကဲဖြတ်ပွဲတွင် အင်မော်တယ်စားဖိုမှူးများအားလုံး၏ ဓားစွမ်းအားများကို စမ်းသပ်ခံရမည်ဖြစ်သည်။ ဓားစွမ်းရည်၏စွမ်းအားကို အခြေခံပြီး စားဖိုမှူး၏ သန်မာမှုကို အကဲဖြတ်ကြမည်ဖြစ်သည်။

ပုဖန် အင်မော်တယ်ဖြတ်တောက်နည်းကို အသုံးပြုလိုသော်လဲ ခဏခန့် တွေးတောပြီးနောက် မသုံးရန် ဆုံးဖြတ်လိုက်သည်။

အင်မော်တယ်ဖြတ်တောက်နည်းမှာ အရှင်သခင်ဓားဆယ့်သုံးချက်ထက် သန်မာသော်လည်း သူ အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် ဤနည်းစနစ်ကို အသုံးပြုပါက အန္တရာယ်ရှိနိုင်သည်။

ထို့ကြောင့် အရှင်သခင်ဓားဆယ့်သုံးချက် ကိုသာ အသုံးပြုမည်ဖြစ်သည်။

အရှင်သခင်၏ ပုံရိပ်ပေါ်လာသည်နှင့် ပုဖန်၏စွမ်းအားများ အဆက်မပြတ် တိုးပွားလာသည်။

မမြင်ရသော စွမ်းအင်လှိုင်းများ ကျယ်ပြန့်လာပြီး သူ၏အနားရှိ အင်မော်တယ်စားဖိုမှုးများကိုပါ သက်ရောက်သွားသည်။  ဤစွမ်းအားမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အရှိန်များဖြင့် ပြန့်ကျဲသွားသည်။

အရှင်သခင် ဓားဆယ့်သုံးချက်မှာ စနစ်မှ ပေးအပ်ထားသော နည်းလမ်းတစ်ခုဖြစ်၍ ပုဖန်အလွန် ယုံကြည်ချက်ရှိနေသည်။ သို့သော်လည်း သူ၏ ဓားစွမ်းရည်များအားလုံး စနစ်မှသာ ပေးအပ်ထားခြင်းဖြစ်သည်။

ထို့အပြင် အရှင်သခင်ဓားဆယ့်သုံးချက်မှာ အဓိကအားဖြင့် အုပ်စိုးခြယ်လှယ်လိုခြင်းဖြစ်သည်။ ဓားဆယ့်သုံးချောင်းလုံး တစ်ချောင်းတည်းအဖြစ် ပေါင်းစည်းသွားသည့်အခါ ထိုသို့ခြိမ်းခြောက်နိုင်စွမ်းရှိသော စွမ်းအားကြီးကို မည်သူမျှ မခံနိုင်တော့ပေ။

ပုဖန်၏ အရှင်သခင်အရိပ် အလယ်ဗဟိုတွင် ရှိနေသောကြောင့် ဘေးပတ်ဝန်းကျင်မှ အခြားအင်မော်တယ်စားဖိုမှူးများ၏ စွမ်းအားပုံစံများ ပျက်စီးကုန်သည်။

၎င်းတို့အားလုံးပေါက်ကွဲကုန်ပြီး လူများကြောက်လန့်၍ မယုံကြည်နိုင်ဖြစ်ကုန်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora