အခန်း ၁၀၁၆
ငရဲဘုရင်အာဟ၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးမသေမျိုးစားဖိုမှူးဆိုင်ငယ်လေး၏ မီးဖိုချောင်ထဲတွင် သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ၏ လည်ပင်းရှည်ကြီးကို ပုဖန်ကိုင်ထားသည်။
ထိုဘဲမှာ ဝိညာဉ်စွမ်းအင်နှင့် မသေမျိုးစွမ်းအင်များ အဆက်မပြတ် ထုတ်လွှတ်နေပြီး တဂတ်ဂတ် အော်မြည်နေသည်။
စစ်မှန်မသေမျိုးနယ်ပယ်စစ်ဆေးချက်အတွက် စနစ်မှ ပုဖန်အား ဘဲကင်ခိုင်းခဲ့သည်။ သို့သော် သူ့အား ဟင်းချက်နည်းများ မပေးပေ။ သူ့တွင်ရှိသည်မှာ ဟင်းချက်ပါဝင်ပစ္စည်းများသာဖြစ်သည်။
ထို့ကြောင့် ပုဖန် ထိုဘဲကို သူ၏နည်းလမ်းအတိုင်းသာ ချက်ရမည်ဖြစ်သည်။
ကံကောင်းသည်မှာ ယခင်ဘဝက ပုဖန် ဟင်းလျာမျိုးစုံကို နှစ်သက်ခဲ့သည့်အတွက် ဘဲကင်နည်းကိုလည်း လေ့လာထားသည်။
ဘဲကင်မှာ နာမည်ကြီး အစားအစာများထဲမှတစ်ခု ဖြစ်သည်။ သူ၏ယခင်ဘဝ၌ပင် ဘဲကိုချက်ပြုတ်နည်း အမျိုးမျိုးရှိသည်။ ဘီယာဖြင့်ချက်နည်း ဂျင်းဖြင့်ချက်နည်း ဆေးပင်များဖြင့် ဟင်းရည်ချက်နည်း အစရှိသဖြင့် ဖြစ်သည်။
သို့သော် နာမည်အကြီးဆုံးဟင်းလျာမှာ ဘဲကင်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင်ပင် နာမည်ကြီးသည်။
ဘဲကင် ချက်ပြုတ်ရသည်မှာ ဘဲကင်စားရသည်နှင့် အလွန်ကွာခြားသည်။
ပုဖန် ချက်ချင်း မချက်ပြုတ်သေးပေ။ သူ၏လက်တစ်ဖက်က ဘဲ၏လည်ပင်းကို ကိုင်ထားပြီး အခြားတစ်ဖက်ကို နောက်တွင်ထား၍ အတွေးထဲ နစ်မြုပ်နေသည်။
ဘဲကင်ရန် လုပ်ငန်းစဉ်နှင့် နည်းလမ်းများကို ပြန်စဉ်းစားနေရသည်။
ဘဲကင်ရန်မှာ အလွန်ရှုပ်ထွေးလှသည်။ အမှားအယွင်းတစ်ခုသည်ပင် ဘဲသား၏ အရသာကို သိသာစွာ ပြောင်းလဲသွားစေသည်။
သူ၏ယခင်ဘဝတွင် ဘဲကင်ကို နေရာတိုင်းတွင် တွေ့နိုင်သော်လည်း အရသာများမှာ မတူညီကြပေ။
ကွဲပြားသော ချက်ပြုတ်နည်းများ အပူထိန်းညှိမှု ချက်ပြုတ်နည်းစနစ် ပြောင်းလဲမှုများကြောင့် ဘဲကင်များတွင် အရသာအမျိုးမျိုး ကွဲပြားကြသည်။
ŞİMDİ OKUDUĞUN
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Maceraအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...