1381 - 1385

179 19 1
                                    

အခန်း ၁၃၈၁
ပန်းသုံးပွင့်ငါးချိုချဥ်

" စနစ် ကျုပ်တာဝန်ကိုလက်ခံမယ် "
ပုဖန် စနစ်အားအဖြေပေးလိုက်သော်လည်း စနစ်ကမည်သည့်တုန့်ပြန်မူမှမပေးခဲ့ချေ ။ ပတ်ဝန်းကျင်တစ်ခုလုံး အလွန်တိတ်ဆိတ်နေ၍ အပ်ကျသံပင်မကြားရတော့ကာ ဆူညံနေသည့်မြို့ပြ၏အသံပင်ပျောက်ကွယ်သွားသည် ။ ပုဖန်အား အနည်းငယ်အံ့သြသွားစေသည်။

ပုဖန်က စနစ်၏တုံ့ပြန်သံအား စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့သည် ။ သူကတာဝန် လက်ခံပြီးဖြစ်၍ စနစ်ကမသိချင်ယောင်ဆောင်သွားစရာအကြောင်းမရှိပေ ။ အရင်တစ်ခါက အချက်အပြုတ်နတ်ဘုရားမီနူးမှ နတ်ဘုရားကြက်သားသုံးခွက်ဟင်း ချက်ပြုတ်ရာ၌ ကျရူံးမလိုပင်ဖြစ်ခဲ့သည် ။

အရေးကြီးသောအချိန်တွင် သူ၏စိတ်စွမ်းအားများအား တွန်းအားပေးမချက်ပြုတ်ခဲ့လျှင် အောင်မြင်ခဲ့မည်မဟုတ်ပေ ။ အကယ်၍သာ ကျရူံးခဲ့ပါကာ သူလည်းအသက်ရှင်နိုင်တော့မည်မဟုတ်ချေ ။ အနည်းငယ် စိုးရိမ်နေကာ အသက်ပြင်းပြင်းရူ၍ စိတ်စွမ်းအားများတည်ငြိမ်အောင်သာ ကြိုးစားနေလိုက်သည် ။

စွမ်းအားတည်ငြိမ်စေရန် ကျင့်ကြံနေစဥ်အချိန်အတွင်းတွင် အချက်အပြုတ်နတ်ဘုရားမီနူးက သူ၏စွမ်းအင်ဗဟိုချက်အတွင်း ပြောင်းလဲမူများဖြစ်ပေါ်စေခဲ့သည် ။ ဝိညာဥ်ပင်လယ်ကြီး တစ်ခုလုံးပင်လူပ်ခတ် တုန်ခါသွားသည် ။

ပုဖန် ကသူ့မျက်လုံးများကို ဖွင့်လိုက်သောအချိန်တွင် ပြင်းထန်သည့်စွမ်းအား လိူင်းလုံးကြီးတစ်ခုထွက်ပေါ်လာခဲ့သည် ။ အသုံးအဆောင်ဝိညာဥ် များက ကြောက်ရွံစွာဖြင့်သာ ကြည့်ရူနေခဲ့ကြကာ သူတို့၏ပိုင်ရှင်က အဖြစ်ဆိုးတစ်ခုနှင့်ကြုံတွေ့ရမည်အားစိုးရိမ်နေခဲ့ကြသည် ။ အချက်အပြုတ်နတ်ဘုရားမီနူး ထဲမှဟင်းလျာများအားချက်ပြုတ်ခြင်းသည် စိတ်ဝိညာဥ်အတွက်ရော ခန္ဓာကိုယ်အတွက်ပါ အလွန်အန္ဒရာယ်များသည် ။ ဤတစ်ခေါက်တွင် ပုဖန် အသက်ရှင်သန်နေရန်သာ သူတို့ဆုတောင်းကြသည် ။

" ပိုင်ရှင်လေး နောက်ဆုံးတစ်ခေါက်က ဟင်းလျာက ကြက်သားမဟုတ်လား... "
ဂိုဒီ က အချက်အပြုတ်နတ်ဘုရားမီနူးအား လှန်ကြည့်ရင်းပြောလိုက်သည် ။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Wo Geschichten leben. Entdecke jetzt