အခန်း ၁၁၄၆
အထူးစပယ်ရှယ်တွေထဲကတစ်ခု ပုလဲနို့လက်ဖက်ရည်ရေခဲမုန့်ဆိုင်၏ အပြင်အဆင်က အားလုံးကို ထိတ်လန့်သွားစေသည်။ ထိုကဲ့သို့ စတိုင်မျိုးကို သူတို့ယခင်က မမြင်ဖူးခဲ့ပေ။
ထိုနေရာတွင် ရှိနေသူများက မိန်းမပျိုလေးများသာဖြစ်သဖြင့် မွမ်းမံထားသည့် အပြင်အဆင်များကို ချက်ချင်းပင် သဘောကျသွားကြသည်။
အိုး ... ငရဲဘုရင်အာဟကတော့ မိန်းမပျိုလေးမဟုတ်ဖူးပေါ့ ... ဒါပေမဲ့ အရေးမကြီးပါဘူး ... သူ့ပုံကိုကြည့်ရတာ မိန်းကလေးတွေထက်တောင် ပ်ိုပြီး စိတ်လှုပ်ရှားနေတဲ့ပုံပဲ ...
လင်းတမိန်က ယောကျာ်းဆန်သည့်နှလုံးသားရှိသူ ဖြစ်သော်လည်း ပန်းရောင်ပစ္စည်းများကို ကြိုက်နှစ်သက်သည်။ အပြင်အဆင်များက မိန်းကလေးဆန်နေသော်လည်း သူမ မငြင်းဆန်နိုင်ပေ။ ဤစတိုင်ကို သူမ အလွန်သဘောကျသွားပြီဖြစ်သည်။
အရမ်းလှတာပဲ ...
ပြတင်းပေါက်အကြည်များကြောင့် သူတို့၏အမြင်အာရုံများ ရှင်းလင်းသွားသည်ဟု ခံစားရသည်။ အပြင်ဘက်ရှိ စည်ကားနေသော လမ်းမထက်မှ လူများကိုပင် တွေ့နိုင်သည်။
နံရံအကြည်ရောင်၏ နောက်တွင် တည်ငြိမ်အေးဆေးစွာထိုင်ပြီး အေးမြသော ရေခဲမုန့်တစ်ခွက်စားနေသည်ကို အပြင်ဘက်မှလူများက မနာလိုစွာ စိုက်ကြည့်နေကြမည့် မြင်ကွင်းကိုတွေးမိပြီး စိတ်လှုပ်ရှားနေကြသည်။
ပါးစပ်ထဲတွင် အစပ်ချောင်းထည့်ထားသည့် ငရဲဘုရင်အာဟက ကောင်တာပေါ်မှ အမွေးပွရုပ်အပုံလိုက်ကို မြင်သွားသည်။ သူမနေနိုင်ပဲ တစ်ခုကို ကောက်ယူလိုက်ပြီး တအံ့တဩဖြင့် ပြောလိုက်သည်။
" ဒါဘာလေးတွေလဲ ချစ်စရာလေး ..."ချစ်စဖွယ်အရုပ်လေးများက နူးညံ့နေသည့်အတွက် တစ်ကြိမ်ကိုင်လိုက်သည်နှင့် အကြိမ်ပေါင်းများစွာ ထပ်ကိုင်ချင်လာသည်။ တစ်ရုပ်ကို လက်ထဲတွင်ကိုင်ကာ နောက်တစ်ရုပ်ကို ချိုင်းကြားထဲထည့်ထားလိုက်သည်။
တခြားအမျိုးသမီးများက ငရဲဘုရင်အာဟ၏အသံကြောင့် ကောင်တာနားသို့ ရောက်လာကြသည်။ အရုပ်များကို မြင်သည့်အခါ ပျော်ရွှင်စွာအော်ဟစ်ပြီး ပင့်သက်ရှိုက်ကာ အရုပ်များကိုကောက်ယူလိုက်ကြသည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...