1366 - 1370

272 25 0
                                    

အခန်း ၁၃၆၆
တိုက်ပွဲပြီးဆုံးသွားကာ ဖုန်မှုန့်များပျောက်ကွယ်သွားခြင်း

ခွေးဘုရင်က သူ၏အပြည့်စုံဆုံးအသွင်ကို ပြသခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ခေါင်းသုံးလုံးတစ်ချိန်တည်း ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် လေဟာနယ်ကိုပင် တွန့်ချိုးသွားစေမည့် ကမ္ဘာမြေအကျဉ်းထောင်မီးတောက်များဖြင့် လွှမ်းခြုံထားသည်။ ကြောက်မက်ဖွယ်ဖိအားများက ကြယ်တာရာစစ်မြေပြင်ထဲတွင် ပြည့်နှက်နေသည်။ အားလုံးက တိတ်ဆိတ်နေကြပြီး မလှုပ်ရှားရဲကြဘဲ အသံလည်းမထွက်ရဲကြပေ။

တိထင်ထံတွင်လည်း ခြောက်ခြားဖွယ်ပြောင်းလဲမှုက စတင်လာသည်။ ခြေထောက်များက တိုတိုလေးသာဖြစ်နေသော်လည်း ခန္ဓာကိုယ်က ကြီးမားလာပြီး နဂါး၊ ကျား၊ ကျားသစ် အစရှိသဖြင့် မြောက်များစွာသော သားရဲတိစ္ဆာန်များ၏ပုံစံ ဖြစ်ပေါ်လာသည်။ ထိုပုံစံများကြောင့် မြင်လိုက်ရသူတိုင်း လေအေးကို ရှုရှိုက်လိုက်ရသည်။

၎င်းက နတ်တစ်ပိုင်း လူတစ်ပိုင်းများအကြားမှ တိုက်ပွဲတစ်ခုဖြစ်သည်။

လူအများစုက နတ်တစ်ပိုင်းလူတစ်ပိုင်းများက မည်သည့်အရာကို ဆိုလိုကြောင်း မသိသော်လည်း တိထင်နှင့် ခွေးဘုရင်ထံမှ ကြောက်မက်ဖွယ်ဖိအားများကို ခံစားမိနိုင်ကြသည်။ ထိုသို့သောဖိအားများကို ရင်ဆိုင်ရသည့်အခါ နောက်ဆုတ်နေကြရုံသာတတ်နိုင်သည်။

ယခုလက်ရှိအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးက မည်းမှောင်ပြီး တိတ်ဆိတ်သွားကာ ကြယ်များလည်း အရောင်မှိန်သွားသည်။ တိုက်ပွဲအတွင်းမှ ထုတ်လုပ်နေသည့် ခွေးနှစ်ကောင်အကြားမှ အတက်အကျများက စစ်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားစေသည်။

ငရဲအကျဉ်းထောင်နှင့် ကမ္ဘာမြေအကျဉ်းထောင်မှ ကျင့်ကြံသူများအားလုံးက တိုက်ပွဲကိုကြည့်ရှု့နေကြသည်။ ဤတိုက်ပွဲက အလွန် အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲရလဒ်က အနာဂတ်တွင် ငရဲကမ္ဘာကို လွှမ်းမိုးမည့်သူကို ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့်ပင်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now