အခန်း ၁၅၃၁
ကောင်းကင်ဘုံနတ်ဘုရား ဇနီးမောင်နှံဝိုင်"အခုလောလောဆယ် အခြေအနေက အရမ်းရှုပ်ထွေးနေတာ... သောက်လို့ သင့်တော်ပါ့မလား..."
ပုဖန်က ဝိုင်ခွက်ကို ကြည့်ပြီးနောက် စားပွဲရှေ့မှ မျက်နှာအား မြူများဖြင့် ဖုံးကွယ်ထားသည့် ငှက်ဘုရင်ကို ကြည့်လိုက်သည်။ သူ့၏ လက်ရှိ ခွန်အားနှင့် ဆိုလျှင်ပင် မြူခိုးအား ဖြတ်သန်းမမြင်ရသည်ဖြစ်၍ ၄င်းမှာ ငှက်ဘုရင်၏ ခွန်အားမှာ သူ့ထက် သန်မာသည်ကို ပြသနေသည်။ခွက်မှာ အဖိုးတန်ကျောက်ဖြင့် ပြုလုပ်ထားခြင်းမဟုတ်သည့် သာမန်ခွက်ဟု ထင်ရပေသည်။ အမှန်တကယ်တွင် အရက်သောက်ခြင်းမှာ ရိုးရှင်းသော အရာတစ်ခုဖြစ်ကာ လှပသည့်ခွက်များ မလိုအပ်ပေ။ တစ်ချို့သူများက ကြွေခွက်များကို အသုံးပြုကြပြီး၊ တစ်ချို့က ဖန်ခွက်ကို အသုံးပြုကြသည်။ တစ်ချို့ကမူ ပန်းကန်လုံးများကိုပင် အသုံးပြုကြသည်။ ၄င်းမှာ တစ်ကိုယ်ရေ ကြိုက်နှစ်သက်မှုသာ ဖြစ်သည်။
လူအများက ရတနာအတွက် အသည်းအသန် တိုက်ခိုက်နေစဉ်တွင် ပုဖန်က မျက်နှာအား ဖုံးကွယ်ထားသည့် အမျိုးသားတစ်ဦးနှင့် အရက်သောက်နေသည်။ သူက ၄င်းမှာ မူမမှန်ဟု တွေးမိကာ ဝိုင်က ဆိုးဝါးနေပါက သူက လှည့်ထွက်သွားမည်ဟု သူ့ကိုယ်သူ ဆိုလိုက်သည်။
"သောက်ပါ... ဒါက အရမ်းရှားတဲ့ ဝိုင်နော်..."
ငှက်ဘုရင်က ပြုံးကာ ဆိုလိုက်သည်။"အိုး... ငါတို့က ဘယ်လိုလုပ်ပြီး ဝိုင်နဲ့တွဲသောက်ဖို့ ဟင်းပွဲတစ်ခုတောင် မရှိနေတာလဲ... ငါ့တို့အတွက် ဟင်းတစ်ခွက်လောက် ချက်ပါလား..."
သူက ပုဖန်ကို ကြည့်ကာ မေးလိုက်သည်။ပုဖန်က သူ့မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။
'ဒီလို ထူးဆန်းတဲ့ ပတ်ဝန်းကျင်ကြီးမှာ အရက်သောက်ရင်း အမြည်းစားချင်တာ... ဒီ ငှက်ဘုရင်က ထူးဆန်းတဲ့လူပဲ...'
သူက တစ်ကိုယ်တည်း တွေးလိုက်သည်။ ထိုသို့တွေးလိုက်သော်လည်း သူက မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်လိုက်သည်။ သူက ငှက်ဘုရင်၏ အကြံပြုချက်အား ထောက်ခံသည်မှာ ရှင်းလင်းနေပေသည်။ ဝိုင်ရှိနေသည်ဖြစ်ရာ သူတို့က အမြည်းပြုလုပ်ရန် ဟင်းလိုအပ်နေပြီး ပုဖန်က သူမည်သည်ကို ပြင်ဆင်ရမည်အား တိတိကျကျသိပေသည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...