1401 - 1405

192 21 0
                                    

အခန်း ၁၄၀၁
ငါက ကျဆုံးသွားရင်တောင်မှ နတ်ဘုရားတစ်ပါးဖြစ်နေတုန်းပဲ...

ကောင်းကင်ယံမှ စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားကိုကြည့်လျက် ပုဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ့အကြံဉာဏ်က အလွန်အသုံးဝင်သည်ဟု ထင်လိုက်မိသည်။ ခွေးဘုရင်၏ အချိန်ဥပဒေသကို မထိနိုင်သော်လည်း ဤနတ်ဘုရား၏ စားဖိုမှူးစိန်ခေါ်ပွဲဥပဒေသကို ရယူရန်ကြိုးစားနိုင်ပေသည်။ ကောင်းကင်ယံမှတိုက်ပွဲက ဆက်လက်ဖြစ်ပေါ်နေပြီး လေထုထဲတွင် ကျယ်လောင်သော မြည်ချုန်းသံများဖြင့် ပြည့်နေသည်။ ဥပဒေစွမ်းအားများ၏ ပွတ်တိုက်မှုကို မမြင်ရပေ။ ၎င်းက စိတ်ဝိညာဉ်များအပေါ်သာ သက်ရောက်၍ လူအများက တုန်ယင်‌နေပြီး မလှုပ်ရှားရဲကြတော့ပေ။ ရလဒ်အနေဖြင့် ထိုနေရာမှလူများမှာ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ယင်နေတော့သည်။

တိထင်က နတ်ဘုရားအာရုံခံမှုကို ဖွင့်ထုတ်လိုက်ပြီး မိုင်ထောင်ပေါင်များစွာဆီသို့ လွှမ်းခြုံသွားစေကာ တိုက်ပွဲမှ ပေါက်ကွဲမှုများကို ဤဧရိယာအတွင်းမှ အပြင်သို့မထွက်သွားစေရန် လုပ်လိုက်သည်။ ဤနေရာအတွင်းမှ ကျင့်ကြံသူများက ထွက်ပြေးသည်ဖြစ်စေ ကျန်ရှိနေသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။

နတ်ဘုရားများ၏တိုက်ပွဲကို ကြည့်ရှု့လိုက်ရခြင်းအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရမည်သာဖြစ်သည်။ သို့ရာတွင် တိုက်ပွဲမှ ပျံ့နှံ့လာသည့် ဥပဒေသစွမ်းအားများက မဟာသူတော်စင်များအတွက် မြင်ရခဲသော မြင်ကွင်းမျိုးဖြစ်၍ တန်ရာတန်ကြေးနှင့် နှိုင်းယှဉ်ပါက အကျိုးကျေးဇူးက ပိုများနေသည်။ ထို့အပြင် နတ်ဘုရားများအကြားမှတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှု့ခွင့်ရရန် အခွင့်အရေးကလည်း နည်းပါးလွန်းလှသည်။

တိထင်က လေပေါ်တွင် ပျံဝဲနေပြီး ကလေးငယ်လေးတစ်ယောက်အဖြစ် အသွင်ပြောင်းထားသည်။ အမှန်တိုင်းပြောရမည်ဆိုပါက ဤပုံစံကို သူအလွန်သဘောကျနေမိသည်။ ခွေးဘုရင်၏ဖိအားကြောင့်သာ စားသောက်ဆိုင်တွင် ဤပုံစံဖြင့် မနေနိုင်ပဲ သူ့ပုံစံအစစ်အမှန်ဖြစ်သော ခြေထောက်တိုတိုခွေးလေးအဖြစ် ပုံစံပြောင်းထားရခြင်းဖြစ်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now