အခန်း ၁၂၃၆
ဖန်ဖန့် တဲပန်ယာကီစီးပွားရေးလုပ်မယ်တဲ့လား ... မင်းကတော့ တကယ်ကို တစ်ခုခုပဲ ...
ယို့ကျီး ဘာပြန်ပြောရမည်မသိဖြစ်သွားသည်။ သူမ တစ်ဖက်သို့လှည့်ကာ လူအုပ်ကြီးဖြင့် ပြည့်နေသောရင်ပြင်ကို ကြည့်လိုက်သည်။ဒီမှာ လူပေါင်းစုံရှိနေတာပဲ ... အဲ့ကောင်လေး ဒီနေရာမှာစီးပွားရေးလုပ်ဖို့ ဘယ်လိုအကြံရသွားပါလိမ့် ... ငွေရှာဖို့ကို အဲ့လောက်အရူးအမူးဖြစ်နေတာပဲလား ...
ပုဖန် အလွန်စိတ်လှုပ်ရှားနေသည်။ ထိုအကြံက သူ့ခေါင်းထဲ ရောက်လာပြီးသည်နှင့် ပြန်ထုတ်၍မရတော့ပေ။ မေးစေ့ကိုပွတ်ကာ အတွေးထဲ နစ်မျောနေသည်။
စီးပွားရေးလုပ်ဖို့ဆို ဆိုင်တစ်ဆိုင်ဖွင့်ရမှာ ... ဒါပေမဲ့ ဒီရင်ပြင်မှာဆိုရင်တော့ လမ်းဘေးဈေးဆိုင်လောက်ဖွင့်ရင် ရမှာပါ... လမ်းဘေးဈေးဆိုင်ကလည်း မရေမတွက်နိုင်တဲ့လူတွေကို ဆွဲဆောင်နိုင်တယ် ပြီးတော့ လူအများကြီးစုဝေးနေလို့ ရတာပဲ ...သူ ခေါင်းငြိမ့်လိုက်ပြီးနောက် စိတ်ထဲတွင် ယျေဘုယျကျသည့် အကြံတစ်ခုပေါ်လာသည်။ ထို့နောက် စနစ်ကို မေးလိုက်သည်။
စနစ်ရေ ...တကယ်လို့ ဒီရင်ပြင်မှာ လမ်းဘေးဈေးဆိုင်ဖွင့်မယ်ဆိုရင် ကျုပ်ရမယ့် အင်မော်တယ်သလင်းကျောက် ဒါမှမဟုတ် နယ်သာသလင်းကျောက်တွေကို အရောင်းစာရင်းထဲမှာ ထည့်တွက်လို့ရမလား ...စနစ်က သူ့အကြံဉာဏ်၏ လက်တွေ့အသုံးဝင်မှုကို တွက်ချက်နေသကဲ့သို့ ခဏတာတိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် သူ့ခေါင်းထဲ၌ အသံတစ်သံ ထွက်ပေါ်လာသည်။
( ပိုင်ရှင်က ဒီရင်ပြင်မှာ ဈေးဆိုင်ဖွင့်လို့ရပါတယ် .. ရောင်းလို့ရတာတွေကို အရောင်းစာရင်းထဲ ထည့်တွက်သွားမှာပါ ...)ပုဖန်၏ မျက်လုံးများ ချက်ချင်းအရောင်လက်သွားသည်။ ရင်ပြင်တွင် လူများစွာရှိနေသဖြင့် ကြီးမားသောဈေးကွက်ရင်းမြစ်ကြီးတစ်ခု ဖြစ်နေသည့်အပြင် စိတ်လှုပ်ရှား၏ရာအကောင်းဆုံးမှာ မည်သူမျှ ထိုသို့သောအကြံဉာဏ်မျိုးကို တွေးမိမည် မဟုတ်သောကြောင့်ပင်။
နောက်မေးခွန်းတစ်ခုက သူ့ဈေးဆိုင်မှာ ဘာရောင်းသင့်လဲ ... ဒါကို ဂရုတစိုက် စဉ်းစားဆုံးဖြတ်မှဖြစ်မယ် ...
KAMU SEDANG MEMBACA
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Pertualanganအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...