1591 - 1595

59 5 0
                                    

အခန်း ၁၅၉၁
ပုဖန်ကို ချက်ပြုတ်ဖို့ ခွင့်မပြုထားဘူးလား

မိုးစရွာလာကာ မိုးထဲတွင် စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေပေသည်။

ပုဖန်၏ နတ်ဘုရား အာရုံခံမှုက ဖိနှိပ်ခံထားရသည်ဖြစ်သော်လည်း တည်ရှိနေဆဲ ဖြစ်၍ မိုးရေထဲတွင် စိတ်ဝိညာဉ် စွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံစားရပေသည်။
ကမ္ဘာပေါ်မှာ ဘယ်တုန်းက စိတ်စွမ်းအင်ရှိသွားတာလဲ... အဲဒါက အစကတည်းက ရှိနေခဲ့တာလား ဒါပေမဲ့ သူပြန်ရောက်လာလို့ ပေါ်လာတာလား...

ပုဖန်က တွေးတောနေသည်။ အတိတ်တွင် ကျင့်ကြံခြင်းမပြုလုပ်ခဲ့၍ မိုးရေထဲတွင် စိတ်ဝိညာဉ် စွမ်းအင် ပါဝင်နေသည်လားဆိုသည်ကို သိရန် နည်းလမ်းမရှိပေ။

မိုးက အကြာကြီး မရွာဘဲ မကြာမီတွင် မိုးတိတ်သွားသည်။ မြေပြင်ပေါ်တွင် ရေများအိုင်နေကာ ဖြတ်သွားလျှင် ပုဖန်ကို လာစင်ပေသည်။ အေးစက်စက်မိုးရေများက သူ့ခြေချောင်းများကြား စိမ့်ဝင်လာကာ သူ့ကို အနည်းငယ် အေးစိမ့်သွားစေသည်။

စိတ်ဝိညာဥ်စွမ်းအင်က မိုးရေထဲတွင်သာ ရှိပြီး ရေငွေ့ပျံသွားပါက မြင့်တက်လာပြီး လေထုထဲတွင် ပြည့်နေလေသည်။ အမှန်တကယ်တွင် လေထဲတွင် စိတ်ဝိညာဉ် စွမ်းအင်မပါဝင်ပေ။ စိတ်ဝိညာဉ် စွမ်းအင်ရှိနေသည်မှာ မိုးရေတစ်ခုတည်းကြောင့်ဆိုသည်မှာ သိသာပေသည်။ တစ်နည်းဆိုရသော် ထူးဆန်းမှုက မိုးရေထဲတွင်သာ ရှိပေသည်။

ပုဖန်က ရုတ်တရက် ရပ်လိုက်ကာ အတွေးထဲမြောနေလေသည်။ ကြည့်ရသည်မှာ အသုံးအဆောင် ဝိညာဉ်များက ကမ္ဘာပေါ်တွင် အိပ်နေပုံရပေသည်။ သို့မဟုတ်ပါက ဤနေရာတွင် စိတ်ဝိညာဉ် စွမ်းအင် ရှိမည် မဟုတ်ပေ။

သူက နယ်သာရီကို ရှာမတွေ့၍ ကူကယ်ရာမဲ့နေသည်ဟု ခံစားရပေသည်။ သူ့၏ နတ်ဘုရား အာရုံခံမှုက အလွန်သန်မာသော ခွန်အားတစ်ခု၏ ဖိနှိပ်ခြင်း ခံထားရပေသည်။
သူက တားမြစ်ချက်ကို အတင်းအကြပ် ချိုးပစ်လိုက်လို့ရတာပေါ့... ဒါပေမဲ့ သူက အကျိုးဆက်တွေကို မသိဘူးလေ... အဲ့တာက ဘာမှန်းမသိတဲ့ စွန့်စားမှုတွေကို ဖြစ်စေရင်ရော... ဒါမှမဟုတ် ကမ္ဘာကြီး လုံးဝ ပျက်စီးသွားစေမဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေရင်ရော...

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang