အခန်း၄၀၂ ။ မကောင်းဆိုးဝါးဆယ့်ငါး
"ရှန်းရင် မင်းငါတို့ကို ဘာလုပ်ဖို့ချည်ထားတာလဲ" ကူယွဲ့ သူ့ပတ်လည်က အလင်းရောင်တန်းတွေက ရုန်းထွက်ချင်ပေမဲ့ နောက်အခိုက်အတန့်မှာ အဖြူရောင်အလင်းက လင်းလာပြီး စူးရှတဲ့နာကျင်မှုက ထပ်ပေါ်လာလေတယ်။ အဲ့လင်းတန်းက ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ချည်နှောင်သွားတယ်။
ပိုအရေးကြီးတာက သူ့မသေမျိုးချီက ချိပ်ပိတ်ခံထားရတဲ့အတိုင်း လုံးဝအသက်သွင်းလို့မရတာပဲ။
"နင်တို့တွေ ကြိုပြီးတော့ ပြင်ဆင်ထားသားပဲ၊ နင်တို့တွေ ငါ့နာမည်တောင် သိတယ်ပေါ့၊ ပြော... နင်တို့မျက်နှာပြင်ကို ကျူးကျော်တာမလား၊ နင်တို့ကျူးကျော်လာတာ ဘယ်လောက်ကြာပြီလဲ"
ယိချင်းက အလိုလိုရွေ့ချင်နေဟန် ပိုပြီးအသည်းအသန်ဖြစ်လာတယ်။
"ဆရာဘာတွေပြော..."
"အားနာတယ်... နာတယ်..."ကူယွဲ့အလင်းတန်းတွေ ပိုပြီးတင်းကြပ်သွားတာနဲ့ရှင်းပြလိုက်တယ်။
"စားဖိုမှူး မလှုပ်နဲ့"
"ဆရာတဲ့လား" ရှန်းရင်မျက်လုံးမှေးသွားတယ်။
"တော်စပ်မှုတွေပြောဖို့ နောက်ကျလွန်းနေတယ်မဟုတ်လား"
"မင်းတကယ်ပြောနေတာလား ရှန်းရင်" ကူယွဲ့ မျက်နှာပေါ်မှာမယုံကြည်နိုင်မှုအပြည့်။
"မင်းတကယ်မှတ်ဥာဏ်တွေဆုံးရှုံးသွားတာလား...ခဏ"
သူကုလားထိုင်ပေါ် ထိုင်နေသူကိုကြည့်ရင်း မျက်လုံးတွေပိုပြူးသွားတယ်။
"မင်းပိုပြီးတော့အရပ်ပုသွားတယ်လို့ ငါဘာလို့ခံစားနေရပါလိမ့်" ဒါထင်ယောင်ထင်မှား မဟုတ်ဘူး။ သူတို့ ဆန့်ကျင်ဘက်ကလူက ပိုပြီးအရပ်ပုသွားတာ။ သူ့ရဲ့ဓမ္မာဝတ်ရုံကတောင် ပိုရှည်လာတယ်
"ရှန်းရင် မင်း..."
"နင်တို့တွေကဝေဒနာမခံစားရဘဲ မပြောမဲ့ပုံပဲ" ရှန်းရင် စိတ်မရှည်တော့ပုံ။ သူကတစ်စုံတရာကို နှိပ်လိုက်ပြီး နောက်အခိုက်အတန့်မှာ နှစ်ယောက်သားကို ဝိုင်းနေတဲ့ အလုံးတွေက ပန်းပွင့်လွှာတွေအဖြစ် ရုတ်တရက် ဖြစ်သွားတယ်။ ဘေးနှစ်ဖက်မှာ အနီရောင်အလင်းတန်းတစ်ခု ပေါ်လောပြီး ဆက်သွားကာ ကွင်းတစ်ခုဖြစ်လာတယ်။