အခန်း ၄၁၇ ။ ပြည့်လျှံနေသောချိုမြမှု
"ဟိုလီရှစ်" သူ အရင်က ကန်းနေခဲ့တာလား။ "ခဏ ငါတို့ အရင်က အဲမျက်နှာပြင်မှာတုန်းက မင်းတို့... ရှန်းရင်ကိုယ်တိုင် ဝန်ခံခဲ့တာလေ"
"အဲဒါ သူ့အစ်မ သူပြောင်းလာမှာကို သဘောတူအောင် ဟန်ဆောင်ရုံသက်သက်ပါ"
"မင်းဆိုလိုတာက..." ကူယွဲ့ မျက်လုံးပြူးသွားတယ်။
"မင်း သူ့ကို မရခဲ့ဘူးပေါ့"
"..." ယိချင်း တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။ သူ ခုလေးတင် ကောက်ထားတဲ့ ငရုတ်သီးစိမ်းကို ငုံ့ကြည့်လိုက်တယ်။ သူ့လက်ထဲ ငရုတ်ရည်ဖြစ်လာတော့မှာပဲ။
"အာ..." ကူယွဲ့က သူတို့ကို အဲလောက်ရိုဆန်တယ်လို့ မခံစားခဲ့ရတာ အံ့ဩစရာမရှိတော့ဘူး။ သူ ငရုတ်သီးစိမ်းဒယ်အိုးစောက်ထဲ ခေါင်းမြုပ်ထားလုနီးပါးဖြစ်နေတဲ့ ယိချင်းကို လှမ်းကြည့်ကာ ပခုံးပုတ်ပေးလိုက်တယ်။
"မင်း ဒါဆိုလည်း ပိုကြိုးစားပေါ့၊ သူ့နှလုံးသားကိုရဖို့ ရှန်းရင် ပြန်မသက်သာခင် အခွင့်အရေး ယူသင့်တယ်"
ယိချင်း တန့်သွားတယ်။ သူ ဒယ်အိုးဇောက်ထဲက ခေါင်းကို ဆွဲထုတ်လိုက်တယ်။
"ဘာလို့လဲ"
"မင်း အတည်ပြောနေတာလား" ကူယွဲ့ သက်ပြင်းချကာ အင်မတန် လေးနက်တဲ့လေသံနဲ့ ပြောလိုက်တယ်။
"မိန်းကလေးတွေက အသက်ကြီးလာတာနဲ့ အထင်ကြီးအောင်လုပ်ဖို့ ခက်လာတယ်" ယိချင်းသာ ရှန်းရင် ငယ်ရွယ်ရိုးအသေးတဲ့အခြေအနေကို အခွင့်အရေးမယူရင် သူ ဘယ်ချိန် သူမကို ချစ်ရေးဆိုဖို့ စီစဉ်မှာလဲ။
"..."
"ငါမင်းကိုပြောမယ် - မင်း သူတို့ငယ်တုန်း ပိုးပန်းရတယ်၊ ပြီးတော့ သူက ခုမှ၁၅နှစ်ပဲ ရှိသေးတာ၊ မင်းသိဖို့ဆို သူက မင်းအချစ်ဦး ဖြစ်လာလိမ့်မယ်"
ကူယွဲ့က အတွေ့အကြုံသူဌေးပုံစံမျိုးပြောလေတယ်။
"ငါ မင်းကို ညီကိုအနေနဲ့ သတိမပေးခဲ့ဘူး မပြောနဲ့ - မင်း အခု အကွက်မရွှေ့ရင် သူ တခြားထူးဆန်းတဲ့ကောင်တွေရဲ့ လှည့်ဖျားတာခံရလောက်တယ်"