အခန်း ၄၄၉ ။ တောင်ကြားအပြင် စုဝေးခြင်း

148 26 0
                                    

အခန်း ၄၄၉ ။ တောင်ကြားအပြင် စုဝေးခြင်း

ဟွေ့ကျယ်က ဒီရှန်းရင်လို့ခေါ်တဲ့ မိန်းမပျိုလေးက ခေါင်းမှာ နည်းနည်းပြဿနာရှိနိုင်တယ်လို့ ခံစားနေရတယ်။ ဘယ်သူက သူ့ကိုယ်သူ အမတတစ်ယောက်လို့ ခေါ်မှာလဲ။ ဒါပေမဲ့ သူမက ထွက်ပေါက်ရှာဖို့ သူနဲ့ သွားချင်သေးတာမို့ သူ့ကို သက်မချစေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထွတ်အမြတ်မြေအောက်တောအုပ်က တကယ်ကိုအန္တရာယ်များလွန်းတာ။ သူ ဘာကြောင့် သူမ ဒီမှာပေါ်လာလဲမသိပေမဲ့ သူမမှာကျင့်ကြံဆင့်မရှိဘဲ အမျိုးသမီးဖြစ်တာမို့ ကောင်းကင်စွမ်းအားတချို့ ရှိရင်တောင် အဆင့်မြင့်မိစ္ဆာသားရဲတွေရဲ့ လက်သည်းကနေ ထွက်ပြေးနိုင်မှာမဟုတ်ဘူး။

သူကြည့်ရတာ တစ်ခုခုကို တွေးမိသွားတဲ့ပုံနဲ့ အင်္ကျီထဲ လက်နှိုက်ကာ လက်သီးဆုပ်အရွယ်အစား ပုလဲတစ်လုံး ထုတ်လာတယ်။ အတင်းအကျပ်ခါလိုက်တော့ ပုလဲက တစ်အောင့်နေတော့ အဖြူရောင်အလင်းတစ်ခု ထုတ်လာကာ နဂိုက မှောင်မည်းနေတဲ့ တစ်ဂူလုံးကို ထိန်လင်းသွားစေတယ်။ ခဏတွေးပြီးတော့ သူက ပုလဲကို ရှန်းရင်လက်ထဲ ထိုးပေးလိုက်တယ်။

"မိန်းကလေးရှန်း ကျေးဇူးပြုပြီး ဒါကိုင်ထားပေးပါ"

"ကောင်းပြီလေ" ရှန်းရင်ယူလိုက်တယ်။

ဒါပေမဲ့ သူက စတင်တူးထုတ်ပြန်ပြီး အဪမ်းဝလို့ထင် သူ့တစ်ကိုယ်လုံး ဆောင့်ကြောင့်ထိုင်တာတောင် အချိန်အတော်ကြာတဲ့ထိ ဘာကိုမှ ဆွဲမထုတ်နိုင်။ သူက လက်တွေကို အပြင်ဆွဲထုတ်ကာ သူ့ဖောင်းကားနေတဲ့ဗိုက်ကို ဖရဲသီးဖက်ထားသလို ဖက်ထားပြီး တစ်ခါနည်းမကာ အကြိမ်အနည်းငယ် ခုန်ဆွခုန်ဆွလုပ်တော့တယ်။

တဂျောက်ဂျောက်သံ လိုက်လာပြီး ပစ္စည်းတွေက သူ့ဗိုက်အရေပြားအောက်ကနေ တစ်ခုပြီးတစ်ခု ကျလာကာ မြေကြီးပေါ် အပုံလိုက်ကြီးဖြစ်သွားတယ်။ ဓမ္မလက်နက်တွေ၊ အဆောင်တွေ၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ အရာရာပဲ။

ရှန်းရင် ဆွံ့အသွားတယ်။ နင့်ဗိုက်အောက်မှာ စကြဝဋ္ဌာအိတ်ကြီး ရှိနေတာလား။

"ရှာတွေ့ပြီ" ဟွေ့ကျယ်က ပျော်ရွှင်စွာနဲ့ သူ့ဘေးက ကြေမွနေတဲ့စာရွက်တစ်စကို ကောက်ယူပြီး သေချာဖွင့်လိုက်တယ်။ ကြည့်ရတာ ‌ဖတ်ရခက်တဲ့ တွန့်လိမ်ကောက်ကွေး မျဉ်းကြောင်းပါးလေးတွေနဲ့ဆိုတော့  မြေပုံတစ်ခုဖြစ်ပုံပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 3)Where stories live. Discover now