အခန်း ၄၁၈ ။ အထိန်းအကွပ်မဲ့သော စိတ်ကူးယဉ်မှုများ
ရှန်းရင် ဖိခံထားရလို့ လှုပ်မရဘူး။ သူမနားဘေးမှာတော့ သူ့ရဲ့ခပ်ပြင်းပြင်း အသက်ရှူသံပဲရှိတယ်။ အချိန်အတော်ကြာပြီးတဲ့နောက် သူမ နောက်ဆုံးတော့ ပြဿနာတစ်ခုကို သတိရသွားတယ်။ သူမ အလိုလို မေးလိုက်မိတယ်။
"နင်... ဆန္ဒမရှိဘူးလား" အဲဒါဆို ခက်ပြီပဲ
သူမကို ဆုပ်ကိုင်ထားတဲ့လက်က ချက်ချင်း အနည်းငယ်တင်းကြပ်သွားကာ ရယ်သံတစ်သံ ပေါ်လာတယ်။ သူမ သူ့အသက်ရှူသံ နည်းနည်းမြန်လာတာကို ခပ်ရေးရေးခံစားမိတယ်။ သူ့လေသံက တစ်ခုခုကို ဖိချုပ်ထားသလိုမျိုး တိုးညင်းနေလေရဲ့။
"ဆရာ ဘာပဲလုပ်လုပ် ကျွန်တော်က... အမြဲဆန္ဒရှိပြီးသားပါ" သူက တောင်းတောင်တောင်းဆိုဦးမယ်။
"ဒါဆို နင်ဘာလို့..." သူမ ကြောင်အမ်းသွားကာ လက်ကို လှုပ်ကြည့်ပေမဲ့ နောက်တစ်ကြိမ် တင်းတင်းတင်းမာမာ ဖိချခံလိုက်ရပြန်တယ်။
"မလှုပ်နဲ့" ရုတ်တရက် သူ့အသံထဲ စိတ်အားထက်သန်မှုတချို့ ပေါ်လာတယ်။ သူ့တစ်ကိုယ်လုံး ပူခြစ်နေတာ ကြောက်စရာ။ ကြားထဲ ဝတ်ရုံအလွှာတွေ ခံနေတာတောင် ရှန်းရင် သူဖိတာ ခံထားရတဲ့နေရာအားလုံးက နည်းနည်းပူလာတယ်။ မကြာခင် သူက တောင်းဆိုအသနားခံတဲ့လေသံနဲ့ ပြောတယ်။
"ဆရာ ဒီလိုလေးပဲနေရအောင်... ခဏလေးပဲ၊ အဆင်ပြေလား"
ဘာကြောင့်မှန်းမသိ နူးညံ့မှုတစ်မျိုး ရှန်းရင်နှလုံးသားထဲ ဝင်ရောက်လာကာ နားထောင်စွာနဲ့ သူမ မလှုပ်တော့ဘူး။ ဘယ်လောက်ကြာသွားလဲမသိပေမဲ့ သူမဘေးက မြန်နေတဲ့အသက်ရှူသံက ဖြည်းဖြည်းချင်း နှေးကွေးလာပြီး သူ့ခပ်တိုးတိုးအသံက မကျေမချမ်းမှုတချို့ ပါဝင်နေတယ်။
"ဆရာ... ကျွန်တော့်ကို သဘောကျရဲ့လား"
ဟမ်။
ရှန်းရင်က မှင်တက်သွားတယ်။ ဒါပေမဲ့ သူမ မတုံ့ပြန်နိုင်ခင် သူက အရင်စကားစပြောတယ်။
"ကျွန်တော်ကတော့ ဆရာ့ကို သဘောကျတယ်၊ အမြဲ... အမြဲသဘောကျခဲ့တာ၊ အရင်က ဆရာက ကျွန်တော့်ကို နည်းနည်း သဘောကျတယ်လို့ပဲ ပြောနေကျဆိုပေမဲ့ ခုကျမမှတ်မိတော့ဘူး၊ ပြီးတော့ အခု ဒီလိုမျိုးဆိုတော့... နည်းနည်းပိုလာတယ်လို့ဆိုလိုတာလား"