အခန်း ၄၁၆ ။ မှိုကမ္ဘာ
ကမ္ဘာငယ်လေးက မျက်နှာပြင်တစ်ခုလုံးရဲ့ သစ်ပင်ရဲ့ ဘယ်ဘက်ခြမ်းအောက်ခြေမှာတည်ရှိတာ။ သူ့ပုံစံက သစ်ပင်က တခြားအရွက်တွေအားလုံးနဲ့ ကွဲပြားတယ်။ ဒီကမ္ဘာငယ်လေးရဲ့ပုံစံက...
"မှိုလား" ကူယွဲ့ တန့်သွားတယ်။ သူ သေချာကြည့်လိုက်တော့ တကယ်ပဲ သစ်ပင်အကိုင်းတွေရဲ့ တစ်ခုမှာ မှိုတစ်ခု ပေါက်နေတာ မြင်လိုက်ရတယ်ယ်။ ထူးထူးဆန်းဆန်း အရောင်က တောက်ပနေပြီး ရွှေရောင်သစ်ပင်ထဲကနေ ထင်းထွက်နေတယ်။
ဒါကလည်း... တကယ်ပဲ ကမ္ဘာငယ်လေးလား။
ဘာလို့ ဒီလိုလှပတဲ့သစ်ပင်မှာ မှိုတစ်ခု ပေါက်နေတာလဲ
ကူယွဲ့ လုံးဝကို ဇဝေဇဝါဖြစ်နေတယ်။ သူ ကမ္ဘာငယ်လေးကို လေ့လာဖို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်တယ်။ ရုတ်တရက် ကမ္ဘာငယ်လေးထဲက သက်ရှိဝိညာဉ်သန်းချီ သူ့မျက်စိရှေ့ ဖြတ်ပြေးသွားတယ်။ အထဲက ဝိညာဉ်ချီက အရမ်းကိုကြွယ်ဝတယ်။ ဒီကမ္ဘာငယ်က တခြားဟာတွေနဲ့ ကွဲပြားတာ အသိသာကြီး။
"ဘာကိစ္စဖြစ်တာလဲ" ကူယွဲ့က တခြားနှစ်ယောက်ကို လှည့်မျက်နှာချင်းဆိုင်လိုက်တယ်။
ရှန်းရင် နောက်ဆုံးအဆာသွတ်မုန့်ကို ပါးစပ်ထဲ အမြန်ထိုးထည့်ကာ ရှေ့ကိုခပ်တောင့်တောင့် လျှောက်လာတယ်။ သူမက စခရင်တစ်ခုကို ထုတ်ကာ ကမ္ဘာငယ်လေးရဲ့ အချက်အလက်ကို စစ်ဆေးလိုက်တယ်။ တစ်ခဏကြာတော့ သူမက ခေါင်းကိုယမ်းတယ်။
"အချက်အလက်အရ ဒီကမ္ဘာငယ်လေးက တခြားသူတွေနဲ့ ဘာမှမကွာခြားဘူး"
မိစ္ဆာနတ်ဘုရားက နောက်ထပ် သွေဖယ်ကမ္ဘာကိုဖန်တီးခဲ့တာလား။ ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"မှိုတစ်ခုက ကျန်းမာတဲ့သစ်ပင်ပေါ် ပေါက်နေတာ - ပြဿနာတစ်ခုခုတော့ ရှိမှာပဲ" ပြီးတော့ မှိုက မရှင်းမလင်းနေရာမှာ ပုန်းအောင်းနေတာ။ သေချာအနီးကပ် မကြည့်ရင် သတိထားမိမှာ မဟုတ်ဘူး။
ရှန်းရင်က မျက်မှောင်ကြုတ်လိုက်တယ်။ သူမက စရှင်းပြမို့ရှိသေး ယိချင်းက တစ်ခုခုကို အဖြေရှာတွေ့သွားပုံပဲ။ အသံခပ်တိုးတိုးနဲ့ သူကပြောတယ်။