chapter 98

481 66 0
                                    

Chapter 98 The Scum
December 26, 2023

Chapter 98

  ဤညနေခင်းတွင် ကျောင်းဖိုရမ်အား ကြည့်နေကျသောသူတို့သည်  စိတ်လှုပ်ရှားစရာကောင်းသောအရာတို့အား စောင့်မျှော်နေကြပြီး ကျုံးယို့ယို့ ထိုစာသားအား တင်လိုက်သောအခါ လှုပ်ရှားရန်အသင့်ဖြစ်နေကြသောသူတို့သည် များစွာရှိကြသည် ။အဆုံးတွင် စီရင်စုရှိဆရာကြီးသာ နည်းလမ်းအား အမှန်တစ်ကယ်သင်ကြားပေးနိုင်သည်ဆိုလျှင် ထိုအရာသည် စျေးကွက်အတွင်းတွင် အဖိုးမဖြတ်နိုင်သော အရာပင်ဖြစ်သည် ။

   ရလဒ်အနေဖြင့် စိတ်လှုပ်ရှားဖွယ်ရာအား စောင့်ကြည့်နေကြပြီး အလုပ်သင်အဖြစ်တောင်းဆိုနေကြသောသူတို့သည် အားရပါးရ ဆဲရေးနေကြပြီဖြစ်သည် ။

[ ကျိန်ဆဲတာလား ။ ငါကဒီလိုနေရာတွေမှာ တော်တယ်လေ။ တွေ့တယ်မလား ။ ဒီရူးနှမ်းနေတဲ့ကောလဟာလတွေကို သေအောင်တံတွေးထွေးဖြစ်ဖို့  ငါသာမကူညီခဲ့လို့ကတော့ "]

[ အေမြို့က ဝမ်နွမ်နွမ် ၊ ဘာလို့ဒါလေးကိုတောင် မစဥ်းစားတတ်ရတာလဲ ။ သူ့ထက်အဆတစ်ရာလောက်သာတဲ့သူကို ရန်စပြီး ပြည်နယ်နံပါတ်တစ်ကို ဆန့်ကျင်ရမှာတဲ့လား ။ "]

.....

ဤညသည် ဖိုရမ်၌ သွေးမုန်တိုင်းကဲ့သို့ ပြင်းထန်နေသည် ။

    မဟာနတ်ဘုရားသည် ဒဏ္ဍာရီလာဖြစ်ပြီးနောက်တွင် ငန်းများသည်လည်း ခြေရာမကျန်အောင်ဖြတ်သွားကြပြီဖြစ်သည် ။ဒါပေမဲ့ ဝမ်နွမ်နွမ်ကတော့ စက်ဆုပ်စရာပဲ။ သူမက သွေးတွေနဲ့ ဖြန်းပက်ထားခံခဲ့ရတဲ့သူပဲ ။ သူမသည် ကိုယ်တိုင်ပင် ကျိန်စာပြန်မိနေခြင်းဟုပင်ပြောနိုင်ပါသည် ။ အိုး မဟုတ်သေးပါဘူး ။ သူမက ဆယ်ဆ မဟုတ်ပါဘူး အဆတစ်ရာလောက်ကို ကျိန်ဆဲခံနေရတာပဲ ။

     ဝမ်နွမ်နွမ်သည် သူမအား ဆဲရေထားသော ပိုစ့်များအား အွန်လိုင်းတွင် တွေ့ရသောအခါ အလွန်ဒေါသထွက်လာခဲ့သည် ။ ပထမက သူမသည် စကားပြောခန်းတွင် အနည်းငယ် စာပြန်ရန်လုပ်ထားသော်လည်း သူမတွေ့လိုက်ရသည်မှာ သူမစာပြန်လေလေ ဤဖိုရမ်အဖွဲ့ရှိသူများသည် ပို၍စိတ်လှုပ်ရှားလာလေလေဖြစ်ကာ အချို့သူများသည် ပထမလူအား ကူ၍ပင်ပြောပေးမနေဘဲ သူတို့သည် ကီးဘုတ်ပေါ်တွင်သာ တိုက်ခိုက်ကြသောသူများဖြစ်ကြလေသည် ။သူတို့သည် သူမအား အကြောင်းပြချက်မရှိ လွန်ကဲစွာ တိုက်ခိုက်ဆဲရေးနေကြသည် ။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now