chapter 80

1K 109 0
                                    

Chapter 80 The Scum
December 18, 2023

Chapter 80

ကျုံးမာမားသည် သူမ၏အမျိုးသမီးသူငယ်ချင်းအချို့နှင့်အတူ spa တွင် ရှိနေသည်။

ချမ်းသာပြီး အင်အားကြီးမားသည့် သူဌေးကတော်တွေ အတူစုရုံးပြီး ပြောကြသည့် အကြောင်းအရာများသည် ယနေ့ သူမတို့ဝယ်ခဲ့ကြသော branded အိတ်များ၊ ခရီးသွားရန် စီစဉ်ထားသည့် နေရာများ၊ သူမတို့ မျက်စိကျနေသည့် ဇိမ်ခံပစ္စည်းတွေထက် မပိုချေ။ ထို့အပြင် သူမတို့၏ခင်ပွန်းများအကြောင်းနှင့် သူတို့က သူမတို့ကို အားလပ်ရက်ခရီး ခေါ်သွားမည့်နေရာများအကြောင်းကိုလည်း ပြောကြသည်။ ထို့နောက်တွင် ခင်ပွန်းသည်များက သန်းရာချီသောပရောဂျက်များ၌ လုပ်နေကြကြောင်းနှင့် သူမတို့၏ သားနှင့်သမီးများက မည်မျှတော်သည်ဆိုသည့်ဘက်ကို စကားလမ်းကြောင်းပြောင်းသွားကြသည်။

ကျုံးမာမားသည် ယနေ့တွင် အတော်လေးတောက်ပနေပုံရပြီး သူမ၏မျက်နှာကို လိမ်းခြယ်ပေးသည့် ပညာရှင်ပင်လျှင် အံ့အားသင့်သွားရကာ သူမကို  မြှောက်ပင့်လိုက်သည်။"မစ္စကျုံး ရှင့်ရဲ့ အသားအရေက ဒီရက်ပိုင်းအရမ်းကောင်းလာတာပဲ၊ ပျော်စရာတစ်ခုခုရှိနေတာများလား လူတွေက ပျော်တဲ့အချိန်ကျရင် စိတ်ဝိဉာဉ်ပါ တက်ကြွလေ့ရှိတယ်လေ"

"ဘယ်မှာ ပျော်စရာရှိမှာလဲရှင်" ကျုံးမာမားသည် ပြုံးနေသော်လည်း စိတ်ထဲတွင်တော့ ဂုဏ်ယူနေမိသည်။ယနေ့နံနက်တွင် ရှီယို့ပေးပို့လာသော စာသားမက်ဆေ့ခ်ျဖြစ်သည့် အထက်တန်းတတိယနှစ်များ၏ ပြိုင်ပွဲဆိုင်ရာစာမေးပွဲတွင် ကျုံးယို့ယို့က မြို့နယ်ပထမနေရာရခဲ့သည်ဆိုသည့်ပို့စ်၏ စခင်ရင်ရှော့ဓာတ်ပုံကို သူမ သတိရမိသွားသည်။

၎င်းသည် မိုးကြိုးသွားနှင့်ဆင်တူပြီး သူမသည် စကားမပြောနိုင်လောက်အောင်ပင် ရှော့ခ်ရသွားခဲ့သည်။ အရင်တခေါက်တုန်းက  အတန်းထဲတွင် ကျုံးယို့ယို့ ပထမနေရာရရှိခဲ့ကတည်းက သူမတို့မိသားစုသည် အံ့သြဝမ်းသာဖြစ်နေပြီဖြစ်သည်။

မထင်မှတ်ပဲ၊ သူတို့ဆီမှထွက်သွားပြီးနောက် ဤမိန်းကလေးသည် လမ်းကြောင်းမှန်ပေါ်သို့ အပြည့်အ၀ရောက်ရှိသွားပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ပင်ထူးကဲပြောင်မြောက်လာခဲ့၏။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now