Chapter 69 The Scum
December 13, 2023
Chapter 69ဤစာမေးပွဲအခန်းအတွင်းတွင် ကျုံးယို့ယို့၏ ကျောင်းမှ ကျောင်းသားအနည်းငယ်သာရှိသည် ။ ကျောင်းသားအများစုမှာ အခြားကျောင်းမှ ကျောင်းသားများဖြစ်ကြသည် ။ ထိုသူအကုန်လုံးသည် ကျုံးယို့ယို့အား ရှူတ်ချနေသကဲ့သို့ကြည့်လာကြသည် ။ အချို့သောသူအနည်းငယ်သည် ကျုံးယို့ယို့အား လှပသည်ဟု တွေးကြသော်လည်း ဤကိစ္စတွင် သူမအမှားပြုလုပ်ခဲ့သည်ဖြစ်သည် ။ အမှားအား မတောင်းပန်ရုံသာမကဘဲ ကျိုးကြောင်းမသင့်လျော်စွာဖြင့် ကြိုးပမ်းသေးသည် ။
ထိုအနားတစ်ဝိုက်တွင် ဆွေးနွေးမှုများ ရှိနေပြီး ကျုံးယို့ယို့သည် ထိုအဖွဲ့အား တစ်ချက်ကြည့်ကာ သူမသည် ကြောက်ရွံ့မနေပေ ။ ဤတိုက်ပွဲသည် ဌာနမှူး သူမအား ဖိအားပေးတုန်းကနှင့်ယှဥ်လျှင် အသေးအမွှားသာဖြစ်သည် ။
သူမသည် ဖေးယွင်ဆီသို့လျှောက်သွားကာ သူမအားစိုက်ကြည့်ပြီး သရော်လိုက်သည် ။
" နင့်နာမည်ကဘာများလဲ ။ ဖေးယွင် ဟုတ်တယ်မလား ။နင်တွေ့ခဲ့တယ်လို့ နင်ပြောတယ်နော်။ နင့်မှာဘာသက်သေရှိလဲ ။ "
ဖေးယွင်သည် ကျုံးယို့ယို့အားကြည့်ကာ ခဏတာလောက် မှင်သက်သွားခဲ့ပြီး သူမသည် တုန်ရီလာခဲ့သည် ။
" ငါ့မှာ သက်သေမရှိဘူး ။ ငါဒီတိုင်းပဲ တွေ့လိုက်တာ ။ တစ်ကယ်တမ်းတော့ နင်ရည်ရွယ်ပြီး လုပ်တာမှမဟုတ်ဘဲ ၊ ဒီတိုင်းတောင်းပန်လိုက်စမ်းပါ ။ ဘာလို့ အပင်ပန်းခံပြီး ..."
ကျုံးယို့ယို့သည် ဒေါသထွက်နေလျက်ပင် ပြုံးလိုက်ကာ " နင်ခုထိ ဟန်ဆောင်နေတုန်းလား "
" ကောင်းပြီ ကျုံးယို့ယို့က အဲ့တာကို သူ့အမှားလို့မထင်ဘူး ။ဒါကြောင့် မော်နီတာကိုပဲ ကြည့်ကြရအောင် " ထိုသို့ပြောခဲ့သည်မှာ ကျုံးယို့ယို့၏ ထက်မြက်သော ဓါတ်ခွဲမှုဖြစ်စဥ်ကို တွေ့ခဲ့သည့် ကြီးကြပ်သူ နံပါတ် ( ၁) ပင်ဖြစ်သည် ။
သူသည် ကျုံးယို့ယို့၏ ဓါတ်ခွဲမှုအားကြည့်ခဲ့ရပြီး သူမအနေဖြင့် ထိုအရက်ပြန်မီးခွက်အား တိုက်ချရန်မှာ မဖြစ်နိုင်ဟု တွေးမိသည် ။ ဤမိန်းကလေးသည် ထိုကဲ့သို့အဆင့်နိမ့်သော အမှားမျိုးအား ပြုလုပ်လိမ့်မဟုတ်ဟု ခံစားနေမိသည် ။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊