ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်

1.3K 122 0
                                    

Chapter 48 The Scum
December 07, 2023

Chapter 48

ကျုံးယို့ယို့၏စိတ်က ကျောင်းပန်းပွင့် ရွေးချယ်ပွဲ၌ မ‌ရှိပေ။ သူမသည် ပြိုင်ပွဲ၌ အတန်း ၁၉ ကို ကိုယ်စားပြုရမည်ဖြစ်ကာ သေသေချာချာ ပြင်ဆင်ထားမှ ရမည်ဖြစ်သည်။ ထို့ကြောင့် အရင်နှစ်ရက်က သူမသည် ဆရာလီထံမှ ပြီးခဲ့သည့်အခေါက် မြို့နယ်အဆင့် သိပ္ပံဘာသာရပ်ပြိုင်ပွဲ မေးခွန်းဟောင်းများ တစ်စုံကို တောင်းယူခဲ့ပြီး အစအဆုံး လေ့ကျင့်ကြည့်ဖို့ ပြင်ဆင်ခဲ့သည်။ ဤနည်းလမ်းက သေချာပေါက်အသုံး၀င်လိမ့်မည်ဖြစ်၏ ။

ထိပ်ဆုံးကျောင်းသူက မေးခွန်းဟောင်းဖြေဆိုသည့်အခါ သူမ၏ကိုယ်ပိုင် BGM

ရှိလေသည်။ သူမ၏ထိုင်ခုံဖော်က ကျုံးယို့ယို့ စာရွက်တွေကို တဖျက်ဖျက်လှန်ကာ အာရုံစူးစိုက်စွာဖြင့် ဖြေဆိုနေသည်ကို ကြည့်နေခဲ့ပြီး ထိုင်ခုံနေရာလဲမည့်အကြောင်း အတန်းပိုင်ဆရာကိုပြောရန်ပင် မေ့နေသည်။ သူမက ကျုံးယို့ယို့၏ ရေဘူးကို ယူလိုက်ပြီး

" ကျုံးယို့ယို့ နင် ရေသောက်ချင်လား "

ခေါင်းကိုမော့မလာဘဲ ကျုံးယို့ယို့က ရေသန့်ဘူးကို လှမ်း‌ပေးကာ ပြောလိုက်သည်။

" ကျေးဇူးပဲနော် ငါ့ကိုရေယူလာပေးပါဦး "

ရိုးရိုးသားသား‌ေပြာရလျှင် သူမထိုင်ခုံဖော်၏ စူးစိုက်နှစ်မြှုပ်ထားမှု လယ်ဗယ်နှင့်‌ဆိုလျှင် သူမထက် ဘယ်သူကများ ပိုပြီး ပညာရေးပိုင်းဆိုင်ရာ၌ သာနိုင်ပါ့မည်နည်း။ ထို့ကြောင့် သူမသည် ရေဖြည့်ရန်သာ အသာလေးခြေလှမ်းကာ  ပြေးသွားခဲ့သည်။

စီနီယာအတန်းများ၏ အားကစားပြိုင်ပွဲများသည် တနင်္လာနေ့မနက်ခင်း၌ ဘင်ခရာအခမ်းအနားဖြင့် တရား၀င်စတင်သည်။

ယနေ့ မနက် ကျုံးယို့ယို့သည် အတန်း (၁၉) ၏ စတိုခန်းသို့ အတန်း (၁၉) အမှတ်တံဆိပ်အလံကို ယူရန်သွားခဲ့သည်။ ဘင်ခရာအဖွဲ့၏ ခေါင်းဆောင်သည် အတန်း၏အလံကို ဝေ့ယမ်းရန် လိုအပ်ပြီး  ထိုအရာက အင်မတန် ညစ်ပတ်လွယ်သည်။ သူတို့သည် လေ့ကျင့်ရေးပြီးသည့်အခါတိုင်း အားကစားကွင်းထဲရှိ စတိုခန်း၌ သိမ်းဆည်းထားလေ့ရှိသည်။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now