Chapter 5
တစ်ချိန်တည်းမှာပဲ အတန်း (၁)မှကျောင်းသားများလည်း စာမေးပွဲဖြေရန် ပြင်ဆင်နေကြသည်။
တန်းခွဲ ၁ နှင့် အတန်း ၁၉ ၏ ကွားခြားချက်သည် ဤအတန်းရှိသူများသည် လက်ရွေးစင်များနှင့် ပြည့်နက်နေပြီး အများစုသည် မျိုးစုံ သော စာပေပညာရေးပြိုင်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ဖြစ်ကြသည်။
သူတို့၌ ချမ်းသာကြွယ်၀သော သို့မဟုတ် အားကောင်းသည့် နောက်ခံများရှိကြပြီး အားလုံးသည် သူတို့ကိုယ်၌ က ရည်မှန်းချက်မြင့်မြင့်ရှိကြ၏။ အတန်းနိမ့်များမှ တနေ့တနေ့စားရင်းသောက်ရင်း သေဖို့စောင့်နေကြသော ငါးဆားနူများနှင့် နှိုင်းယှဉ်ဖို့ အထင်သေးကြ၏။
ပုံမှန်အားဖြင့် စာမေးပွဲမတိုင်ခင် အတန်းက အတော်လေး ငြိမ်သက်လေ့ရှိသည်။ သို့သော် ယနေ့တွင်မူ အကြောင်းတခုခုကြောင့် တီးတိုးပြောသံများ ရှိနေ၏။ တိတ်ဆိတ်မှုကြားထဲမှာ ရေကန်ထဲသို့ ကျောက်တုံးပြုတ်ကျကာ မျက်နှာပြင်အား နှောင့်ယှက်ပြီး ဘေးပတ်၀န်းကျင်အား ပျံ့နှံ့သွားသကဲ့သို့ ဖြစ်ပြီး သိသာထင်ရှားနေလေ၏။
ပျော်ပျော်နေတတ်သည့် နောက်ဆုံးခုံတန်းမှ ကျောင်းသားများသည် ဘိတ်ချေးခန်းသို့ ရောက်ရှိလာသည့် မိန်းမလှလေးအကြောင်းကို အတင်းတုပ်နေကြ၏။အထက်တန်းကျောင်း၌ တတိယနှစ် တန်းခွဲပေါင်း ၁၉ ခန်း ရှိပြီး အားလုံးက အဆောက်အဦးတစ်ခုထဲ၌ ဖြစ်သည်။ အတန်းတစ်တန်းမှာ ကိစ္စတစ်ခုခုဖြစ်ပွားခဲ့မည်ဆိုပါက မကြာခင်အချိန်လေးမှာပဲ နေရာတိုင်းသို့ ပျံ့နှံ့သွားမည်ဖြစ်၏။
သာမန်တော်ရုံလှသည်ဆ်ိုပါက ငါးလွှာ၌ရှိသော ဘိတ်ချေးတန်းမှ သုံးလွှာရှိ ပြိုင်ဆိုင်မှုပြင်းထန်သည့် စာတော်သည့်အတန်းသို့ ရောက်ရှိလာမည်မဟုတ်ဘူးဆိုသည်မှာ ခြေမကို သုံးရင်တောင်မှ သိနိုင်လေသည်။ ကျောင်းအဆောက်အဦးထဲ ပျံ့နေသည်ဆိုကတည်းက ထိုသို့ဖြစ်လောက်သည်အထိ လှပချောမောသည်ဆိုသည့် အဓိပ္ပာယ်ရှိ၏။ ဒီအရာက ကျောင်းသားတွေကို စိတ်လှုပ်ရှားလာစေသည်။ သူမသည် အလွန့်အလွန်ကို လှသည့် မိန်းကလေးဖြစ်ရမည်။ အနည်းဆုံး ကျောင်းပန်းပွင့်ကလေး ကျုံးရှစ်ရွှမ်အဆင့်ခန့် ဖြစ်ရမည်။
(*ကျုံးရှစ်ရွှမ်=မုန့်ရှစ်ရွှမ် သူသုံးထားတဲ့အတိုင်းလိုက်သုံးပါမယ်နော် တစ်ယောက်တည်းပါ)
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊