Chapter 126 The Scum
January 03, 2024Chapter 126
ကျုံးယို့ယို့ ထိုညတွင် စိတ်အခြေအနေကောင်းနေသည်။ သူမ အိမ်ပြန်ရောက်သောအခါ အိပ်ယာပေါ်တွင် လဲလျောင်း၍ စာအုပ်ဖတ်ရင်း နားကြပ်ဖြင့် သီချင်းနားထောင်သည်။ သူမ၏ပါးစပ်ထောင့်က ကောင်းကင်ထိ မြင့်တက်နေ၏။ အချစ်၌လူသစ်လေးဖြစ်သည့် ချင်းယောင်သည် စိန်လက်စွပ်ကို မပြင်ဆင်ထားသော်လည်း ကျုံးယို့ယို့က သူ၏သစ္စာစောင့်သိသောအပြုအမူကြောင့် လက်ထပ်ခွင့်တောင်းဆိုမှုကို တုံ့ဆိုင်းစွာ စဉ်းစားပေးနိုင်သည်။
****
နောက်တစ်နေ့ မနက်စောစောမှာ နှိုးစက်သံမြည်လာချိန်
ကျုံးယို့ယို့ ခရီးဆောင်အိတ်များကို ထုပ်ပိုးရန် အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။
ကြီးမားသောခေါင်းစွပ်ကြီးကြောင့် ခရီးဆောင်အိတ်တစ်ခုလုံးသုံးရမည်ဖြစ်ပြီး အိတ်ထဲတွင် အဝတ်အစားအတွက် များများစားစား နေရာမရှိပေ။ သို့သော် ကံကောင်းထောက်မစွာ ရာသီဥတုက ယခုအခါ ဧပြီလ၌ ရှိနေဆဲဖြစ်ကာ အ၀တ်အစားများ မကြာခဏ လဲ၀တ်ရန် မလိုချေ၊၊ နွေဦးအဝတ် နှစ်စုံခန့် ယူလာလျှင်ရ၏ ။
ကျုံးယို့ယို့ အမြန်ရေချိုးသန့်စင်ပြီးသောအခါ တံခါးခေါက်သံ မြည်လာသည်။
သူမ တံခါးကိုဖွင့်လိုက်ပြီး ချင်းယောင်က ဝင်လာသည် ။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီးကျုံးယို့ယို့ ချင်းယောင်၏ မျက်လုံးအောက်ရှိ အနက်ရောင်များကို မြင်သည့်အခါရယ်မောလုနီးပါးပင်။ လှုပ်လှုပ်ရွရွနှင့် အိပ်မပျော်ဘဲ တစ်ညလုံး နှိုးနေခဲ့သည်က ထင်ရှားသည်။ ထို့နောက် ရှောက်ကျောက် ဝင်လာသည်။
ချင်းယောင်က ချောင်းဆိုးလိုက်ပြီး ကျုံးယို့ယို့၏လက်ကို ကိုင်၍ ဘေးနားမှာရပ်ပြီး " ဒါက ဌာနကဝန်ထမ်း ရှောင်ကျောက် "
ကျုံးယို့ယို့ လျှာကို ထုတ်လိုက်မိပြီး ရှောင်ကျောက်ဘက်လှည့်ကာ လက်ကို ဆန့်ထုတ်လိုက်ပြီး "ဟဲလို"
ရှောင်ကျောက်သည် ဒဏ္ဍာရီဆန်ဆန် "ဥက္ကဌချင်၏ ချစ်သူ" ကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ခြင်းဖြစ်သည် ။ သူသည် ကျုံးယို့ယို့အား မှိတ်တုတ်မှိတ်တုတ် စိုက်ကြည့်ပြီးသည့်နောက် တိုက်ခန်း၏အလှဆင်ခြင်းကို မျက်နှာပေါ်တွင် စာတစ်ကြောင်း ရေးထားသကဲ့သို့ မျက်လုံးများဖြင့် ကြည့်လိုက်သည် ။ ' လူတစ်ယောက်က ဤမျှစျေးကြီးသောနေရာ၊ ဤမျှကျယ်ဝန်းသော တိုက်ခန်းတစ်ခု၌ တစ်ယောက်တည်း နေထိုင်နေသည် လား '
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊