chapter 125

207 35 0
                                    

Chapter 125 The Scum
January 03, 2024

Chapter 125

"  အမလေး " ထူကျစ်ဖန်သည် ဖယောင်းတိုင်များကို နေရာချထားရင်း ပင်ပန်းနေပေပြီ။

သူ  ချင်းယောင်ကို ကျေနပ်စေရန်အတွက် ဖယောင်းတိုင်များကို လုံ့လဝီရိယရှိစွာ နေရာချထားနေသည့် ရှောင်းကျောက်ကို ကြည့်ကာ မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီးပြောသည်။

" ဖယောင်းတိုင်တွေဘယ်လောက်၀ယ်လာခဲ့တာလဲ ။ကနေ့ ရာသီဥတုက သိပ်မကောင်းဘူး ။လေအရမ်းပြင်းနေတာ ထွန်းပြီးပြီးချင်း အကုန်ငြိမ်းကုန်နေတယ် "

ချင်းယောင်က " ဂရုမစိုက်ဘူး သူမရောက်လာတဲ့အချိန် ဖယောင်းတိုင်တွေအကုန်လင်းထိန်နေရမယ် "

" ဒါဆို မင်းဘာသာမင်းလုပ်"

ချင်းယောင်က အေးစက်စွာ ပြောလိုက်သည်။

" ထုတ်ပယ်ခြင်းအသိပေးစာ "

"... ဖယောင်းတိုင်လေးတွေကို ချက်ချင်း အစားထိုးလိုက်ပြီး ပြီးပြည့်စုံတဲ့ အသဲပုံလေး‌ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ် "

  

ချင်းယောင်က သူ၏ ဖုန်းကို ချလိုက်သည်။သူ့ကားကို အောက်ထပ်ကားပါကင်၌ ရပ်ထားဆဲဖြစ်၏။

သူ ကျုံးယို့ယို့အခန်း၏ မျက်နှာကျက်မှ ကြမ်းပြင်ထိ ရှည်လျားသည့် ပြတင်းပေါက်များကို ကြည့်လိုက်ပြီး စိတ်ထဲ၌ ၃၀ထိ စတင်ရေတွက်နေလိုက်သည်။ သူမသည် ဓာတ်လှေကားဆီသို့ ရောက်နေသင့်ပြီး ခလုတ်တွေကို စတင်နှိပ်နေလိမ့်မည်။

ထို့နောက် သူသည် တိတ်ဆိတ်စွာ ၁၀ထိ ထပ်မံရေတွက်ပြီးချိန်၌  စင်္ကြံမီးကလင်းထိန်သွားသည်။ ချင်းယောင်သည် လိုက်ကာများကြားမှ ရင်းနှီးသည့် မီးအ၀ါရောင်လေးကို နူးညံ့‌ေပျာ်ရွှင်မှုအပြည့် မျက်လုံးများဖြင့် ကြည့်နေသည်။

သူ သူမကို အလွန်သဘောကျလွန်းပြီး တချိန်လုံး သူ၏အိတ်ကပ်ထဲ ထည့်ကာ သယ်ထားချင်မိသည်။ သို့သော်  သူ့ကိုယ်သူ အလောတကြီးလုပ်၍မဖြစ်၊ နှေးနှေးဖြေးဖြေးလေးသာ သွားရမည်ဟူ၍  သတိပေးလေ့ရှိသည်။ လွန်ခဲ့သော ခြောက်လအတွင်း နွေရာသီမှ ဆောင်းရာသီနှင့် ယခု နွေဦးရာသီတွင် သူအတွက် နွေဦးလေပြေ နှင်းများ အရည်ပျော်နေသည့် အိပ်မက်တစ်ခုလိုပင် ခံစားရသည်။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now