Chapter 74 The Scum
December 13, 2023
Chapter 74ထို့နောက်သူသည် သူ၏ မျက်လုံးအကြည့်များအား အောက်သို့မချရဲခဲ့ပေ ။ အသက်ဝအောင်ရှူပြီးသည့်နောက်တွင် သူသည်တစ်ဖြေဖြေးအောက်ဘက်သို့ ကြည့်လိုက်သည် ။ ဒုတိယမြောက်နေရာသည် ယှဥ်ပြိုင်မှုပြင်းထန်သည့် ဒုတိယအတန်းမှ ဖြစ်သည် ။ထို့နောက် ကျောင်းရှိ တတိယနေရာတွင် ကျုံးယို့ယို့ဟူသော အမည်သုံးလုံးရှိနေခဲ့သည် ။
ဘုရားရေ ။ အဲ့တာက တစ်ကယ်ကို သူတို့အတန်းထဲက ကျုံးယို့ယို့ပဲ ။လီသုန်းဖျင်သည် ကော်ရစ်တာတစ်လျှောက်ပြေးသွားခဲ့ပြီး အမှိုက်များအား ကျော်ဖြတ်ကာ ထိုအရာများအား ခလုတ်တိုက်မိမတက်ပင်ဖြစ်သည် ။သူသည် သူ၏ မျက်မှန်အား အလျင်အမြန်ပင် ပြန်တည့်မတ်လိုက်ပြီး ရုံးခန်းသို့အပြေးဝင်ကာ ရလဒ်မှတ်တမ်းအား သူ့လက်ထဲတွင် ကိုင်ဆောင်ကာ မြှောက်ပြလိုက်သည် ။
"ကျုံးယို့ယို့ သမီးတစ်ကယ်ပဲ မြို့နယ်မှာ ဆယ့်တစ်ယောက်မြောက်နေရာကို ရခဲ့တယ် " ထိုစကားလုံးများအားပြောပြီးသည့်နောက်တွင် ရုံးခန်းထဲမှ ဆရာများအားလုံးသည် မတ်တတ်ရပ်ကာ ကျုံးယို့ယို့အား အံ့အားသင့်စွာကြည့်လာကြသည် ။ တရုတ်စာပေဆရာနှင့် သင်္ချာဆရာပင် ပြေးလာခဲ့ကြသည် ။လီသုန်းဖျင် မိတ္တူထုတ်လာသောစာရွက်တို့အား ယူကြည့်လာကြသည် ။
ရူပဗေဒဆရာသည် မှတ်တမ်းအား လက်ထဲတွင် ယူကြည့်လိုက်ပြီး ကျုံးယို့ယို့၏ ရူပဗေဒဘာသာရပ်သည် အမှတ်ပြည့်ပင် ရခဲ့သည်လား ။ သူဆွံအသွားမိသည် ။နှစ်များစွာကြာအောင် လုပ်သက်တစ်လျှောက်၌ သူ၏ လက်ထဲတွင် ဆယ့်တစ်ယောက်မြောက်နေရာအား ရနိုင်သူမရှိခဲ့သေးပေ ။ဒီလိုပြိုင်ပွဲမျိုးမှာ ရူပဗေဒဘာသာရပ်ကို အမှတ်ပြည့်ရအောင် သူဘယ်လိုများ သင်ပေးလိုက်နိုင်တာလဲ ။
ကျုံးယို့ယို့ ရလဒ်မှတ်တမ်းအားကိုင်ထားသည်ကို တွေ့လိုက်ရသောအခါ လီသုန်းဖျင်သည် အနည်းငယ်စိတ်မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ ပုခုံးအား ပုတ်လိုက်သည် " ဘာလဲ ။ အခုထိမကျေနပ်သေးဘူးလား ။ဒါက တစ်မြို့နယ်လုံးမှာ ဆယ့်တစ်ယောက်မြောက်အဆင့်နော် ။ဒီမြို့နယ်မှာကျောင်းသားဦးရေပေါင်းဘယ်လောက်ရှိလဲ ။ မဟုတ်ဘူး။ လူဦးရေ ခုနှစ်သိန်းနဲ့ ရှစ်သိန်းကြားမှာ ကျောင်းသားဦးရေက တစ်သိန်းရှိတယ် ။ အဲ့ထဲမှာ အဆင့်က ဆယ့်တစ်လေ ။ "
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊