Chapter 93 The Scum
December 25, 2023
Chapter 93သူမက ထိုမိန်းကလေးကို မမှတ်မိသော်လည်း သူမက ကျုံးမာမားကို မြင်သည့်အခါ နှာမှုတ်ထုတ်လိုက်ပြီး သူမနောက်မှ မိန်းကလေးတွေနှင့်အတူ အဝေးသို့ လျှောက်သွားရန်ပြင်လိုက်သည်။
"မင်းက ..." ကျုံးမာမားသည် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်သည်။
ရှီးယွိချီက နှာမှုတ်ကာ " မဒမ်ကျုံးက ကိစ္စတွေကို တကယ် မေ့လွယ်တာပဲနော် ။ မမှတ်မိတော့ဘူးလား။ လွန်ခဲ့တဲ့ လေး ၊ငါးလလောက်တုန်းက ကျောင်းတံခါးဂိတ်ပေါက်မှာ ကျွန်မက မုန့်ရှစ်ရွှမ်ကို တွန်းရုံလေးပဲ တွန်းခဲ့တာကို သူမက မူးလဲသွားတယ် ရှင်တို့ကလည်း ဆေးရုံဆီ အလောတကြီး ပို့ကြပြီး ကျွန်မကိုတောင် တိုင်ကြားကြမလို့ လုပ်ခဲ့သေးတယ်လေ "
ကျုံးယို့ယို့သည် ရှီးယွိချီအား သူမ၏ မိသားစုကိစ္စများကို မပြောခဲ့ဖူးပဲ သူမဘာသာ ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ကျုံးယို့ယို့သည် အိမ်ပြန်ဖို့ရန် အမြဲတမ်း တွန့်ဆုတ်နေသူဖြစ်ခဲ့ကာ သူမမိသားစုနှင့် ဆက်ဆံရေး အဆင်မပြေလောက်မှန်း သူမ ရိပ်မိခဲ့သည် ။ ထို့နောက် ကျုံးယို့ယို့အကြောင်း သတင်းမှာ မြင်လိုက်ရပြီး အကြောင်းအရာတစ်ခုလုံးကို သူမ အနည်းအကျဉ်း ခန့်မှန်းနိုင်ခဲ့သည်။
ကျုံးယို့ယို့မှာ သိသိသာသာ မိသားစု နောက်ခံကောင်းရှိပေမဲ့ သူမက ပုန်ကန်သောင်းကျန်းနေခဲ့သည်။ သေချာသည်က သူမကို မိသားစုက မမြင်ချင်သောကြောင့်ဖြစ်ပြီး ထိုသမီးအတုကိုသာ သူမထက် ကောင်းကောင်းဆက်ဆံနေသောကြောင့် ဖြစ်ရမည်။ အထူးသဖြင့် မုန့်ရှစ်ရွှမ်ကို ကာကွယ်ဖို့ အပြေးလာခဲ့သည့် သူမ၏ မောင်လေးဖြစ်သည်။ ရှီးယွိချီသည် စဉ်းစားလိုက်ရင်း ဒေါသထွက်လာခဲ့သည်။
ထို့ကြောင့် သူမသည် ကျုံးမာမားအတွက် မေတ္တာမရှိချေ။
ကျုံးယို့ယို့က သူမအပေါ် အရမ်းကောင်းသည်။ သူမ၏ စာလေ့လာရေးနှင့် ပက်သက်ပြီး ကူညီပေးသည်။ သူမမှာ ကျုံးယို့ယို့ကို မကူညီဖို့ အကြောင်းအရင်းမရှိသောကြောင့် သက်ပြင်းချရင်း
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊