Chapter 90 The Scum
December 25, 2023
Chapter 90ရိုက်ကူးရေးရှုတင်က တိတ်ဆိတ်နေခဲ့သည်။ အစီအစဉ် တင်ဆက်သူက ကျွမ်းကျင်ပညာရှင်ဖြစ်ကာ ခဏလောက် တောင့်တင်းသွားပြီးသည့်နောက်တွင် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ခြောက်ကပ်ကပ် အပြုံးဖြင့် အဆုံးသတ်ရင်း " ကျွန်တော်တို့ရဲ့ နံပါတ်တစ်....ဟားဟားဟာ... ပေါ်ထွက်တဲ့နည်းက အတော်လေး ကိုယ်ပိုင်ဟန်ရှိတာပဲ "
ဤအစီအစဉ်က မူလအစကည်းက ရသစုံပြိုင်ပွဲအစီအစဥ်ဖြစ်သည်။ နိုင်ငံတော်အဆင့် အထက်တန်းကျောင်းသားများ အိုင်ကျူဉာဏ်စမ်းပြိုင်ပွဲအဖြစ် ထုတ်လွှင့်နေသော်လည်း ဉာဏ်ရည်ယှဉ်ပြိုင်မှုကိုသာ အလေးပေးနေပြီး ရသစုံရှိုးဟူသည့် ခံစားချက်လေး နည်းနည်းမှ မရှိလျှင် ကြည့်ရှုသူပရိတ်သတ်က ပျင်းရိကုန်ကြမည်မဟုတ်လား။ ကြည့်ရှုသူနှုန်းတွေကို အဆုံးသတ်ဖို့ ကြံစည်နေတခြင်းဖြစ်ကုန်လိမ့်မည်။
ထို့ကြောင့် နံပါတ်တစ်ကဲ့သို့သော သဘော၀ကျသည့် ဟာသဉာဏ်နှင့် ဆွဲဆောင်မှု ရှိသူများက အစီအစဉ်ကို ပို၍ ရေပန်းစားစေပြီး တင်ဆက်သူများက နှစ်ခြိုက်ကြသည်။
သူသည် အရင်ဆုံး ကင်မရာကို ကျုံးယို့ယို့အား ရိုက်ကူးဖို့ အချက်ပြလိုက်ပြီး သည့်နောက် သူမကို မေးလိုက်သည်။
" ဘာလို့ ခေါင်းဆောင်းကို စောင်းလာခဲ့တာလဲ ဓာတ်မတည့်တာ ရှိလို့လား "
ကျူံယို့ယို့သည် မည်သို့ ဖြေရမည်ကို စိုးရိမ်နေခဲ့ပေမယ့် တင်ဆက်သူက ပရော်ဖက်ရှင်နယ်ဖြစ်သည့်အလျောက် သူမအား စကားလမ်းကြောင်းပေးခဲ့သည်။ ထို့ကြောင့် သူမကပြောလိုက်သည်။
" ဟုတ်ကဲ့ ကျွန်မမှာ မကြာသေးခင် ဓာတ်မတည့်တဲ့တုံ့ပြန်မှုတစ်ခုဖြစ်ခဲ့လို့ ကြည့်ရှုသူတွေကို ခြောက်လန့်စေမိမှာ ကြောက်လို့ပါ "
တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေသည့်ပရိသတ်က သူမ၏ ရောင်စုံအကွက်တွေကို ကြည့်နေကြသည်။
"......"
' မင်းရဲ့ ဒီပုံစံကမှ လူတွေကို ရှုးထွက်ကျတဲ့အထိ ခြောက်လန့်တဲ့ပုံ '
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊