Chapter 35
ကျုံးယို့ယို့ ဖုန်းချသွားမည်ကို ကြောက်သောကြောင့်ပါပါးကျုံးသည် ကော်ရစ်တာသို့ အမြန်လျှောက်သွားကာ နူးညံ့သောအသံဖြင့် မေးလိုက်သည် ။
"ယို့ယို့ ဒီအတောတွင်း ကျောင်းမှာဘယ်လိုလဲ ။သမီးပိုက်ဆံလိုသေးလား ။ဒီတိုင်းပိုက်ဆံလိုရင် ပါးကိုသာပြောလိုက် ပါးပို့ပေးမယ်"
ကျုံးယို့ယို့ ရပ်တန့်ကာ တွေးလိုက်မိသည် ။ အကယ်၍ သူမသာ ဖုံးကွယ်ထားခြင်လျှင်လည်း အဲ့တာသည် ကြာကြာခံလိမ့်မည်မဟုတ်ပေ ။ ထိုအရာအားတွေးလိုက်မိပြီး သူမပြောလိုက်သည်
" ပိုက်ဆံကလောက်ပါတယ် ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကတော့ အိမ်ဝယ်လိုက်တယ် "
ပါပါးကျုံး "...."
ခုနှစ်သန်းကျော် ။ ထိုမျှလောက်သည် ကျုံးမိသားစု၏ ရေပုံးထဲမှ ရေတစ်စက်မျှသာသာ သာဖြစ်သည် ။ပါပါကျုံးသည် စီးပွားရေးသမားဖြစ်ပြီး လက်ဖွာသည်မဟုတ်ပေ ။ရုတ်တရက်သူသည် ကျုံးယို့ယို့၏ အေးဆေးသောလေသံဖြင့် သူမအခန်းတစ်ခန်းဝယ်ခဲ့သည်ကိုကြားသောအခါ ခဏတာမျှ မလွန်ဆန်နိုင်ဖြစ်ခဲ့ရသည် ။
အဓိကအချက်ကတော့ သူမအိမ်ဝယ်ပြီးလျှင် ဘာလုပ်မလဲဆိုသော အချက်ဖြစ်သည် ။ သူမက အနာဂတ်မှာ အိမ်ကိုပြန်မလာဖို့များ စီစဥ်နေသည်လား ။
ဤအဆင့်အားတွေးမိသောအခါ ပါပါးကျုံးသည် စိုးရွံ့စွာဖြင့် ပြောလိုက်သည် "သမီးသာဝယ်ချင်တယ်ဆို ပျော်သလောက်စိတ်ကြိုက်ဝယ်လိူ့ရတယ်။ ဒါပေမဲ့ သမီးပိတ်ရက်ကျရင် ပြန်လာမယ်လို့မပြောခဲ့ဘူးလား "
သူသည် သူ၏အနည်းငယ် စိုးရွံ့နေသောအသံအား သတိထားမိသွားသောကြောင့် ချက်ခြင်းပင် နူးညံ့သည့်ဟန်ဖြင့် ပြောလိုက်သည်
"သမီး အရင်အပတ်ကပြန်မလာဘူးဆိုလည်း ရပါတယ် ဒါပေမဲ့ ဒီတစ်ပတ်ပြန်လာရင် ပြီးတော့ အမ်၊ သမီးရဲ့ မွေးနေ့လာလိမ့်မယ် အဲ့ကျရင်လည်း သမီးပြန်လာသင့်တယ် ။ သမီးရဲ့မားနဲ့ ပါး လက်ဆောင်ပြင်ဆင်ထားတယ် "
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊