ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်

1.3K 141 0
                                    

Chapter 49 The Scum
December 07, 2023
Chapter 49

ကျုံးယို့ယို့ ဆုလက်ခံရန် တက်လာခဲ့သည်။ လှေကားထစ်များကို တစ်ထစ်ချင်းတက်ရင်း စတိတ်စင်ပေါ်မှ ဌာနမှူးသည် သူမအား ထူးဆန်းစွာကြည့်နေသည်ကို မြင်လိုက်ရသည်။ သူသည် စိတ်လှုပ်ရှားပုံပေါ်နေပြီး အကြည့်များက အလွန်အမင်း ရှုပ်ထွေးနေ၏။

နောက်ဆုံးတစ်ခေါက်ဖြစ်ရပ်ကတည်းက ကျုံးယို့ယို့နှင့် သူ မတွေ့ဖြစ်ကြပေ။ မကြာသေးခင်က စာသင်ခန်းလျှောက်လမ်းပေါ်၌ အကြိမ်ရေတချို့ တွေ့ခဲ့ဖူးသည်ရှိသော်လည်း သူသည် အံကြိတ်ထားပြီး မေးကြောတင်းနေခဲ့သည်။  ယခုဘာဖြစ်ရသနည်း။

ကျုံးယို့ယို့သည် မတွေးတတ်အောင်ဖြစ်ကာ မျက်မှောင်ကြုတ်ရင်း ဆုယူရန် စင်မြင့်ပေါ်သို့ တန်းတန်းမတ်မတ်သွားလိုက်သည်။

ဌာနမှူး၏ ခံစားချက်အခြေအနေကို ဖော်ပြဖို့က အရမ်းရှုပ်ထွေးလှ၏။

ဤရက်ပိုင်းက သူသည် ဘ၀နှင့်ပက်သက်ပြီး သံသယများဖြစ်နေခဲ့သည်။ ဘအကြောင်းမူကား ကျုံးယို့ယို့ကို အပုတ်ခတ်ခဲ့ပြီးသည့်နောက် သူ၏ဂုဏ်သတင်းက ပျက်စီးသွားပြီး ကျုံးယို့ယို့အား အပြစ်ပေးရန် အကြောင်းပြချက်ရှာနေခဲ့ပေမဲ့ ချင်းမိသားစုမှ လူများနှင့် ကျုံးမိသားစုက သူထံသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့သည်။

ချင်းမိသားစုသည်  သူ၏ကုမ္ပဏီအား တိုက်ရိုက်ခြိမ်းခြောက်မှုမလုပ်ပေမဲ့ ဤအသိုင်းအ၀န်းအတွင်း၌ လူသိများသည့် မိသားစုကြီးတစ်ခုဖြစ်သည်။ ချင်းမိသားစုမှ တစ်ဦးတည်းခွဲထွက်ခဲ့သည့် မြေးသည် အလွန့်အလွန် အာဏာကြီးမားပြီး သူ့အား အပြစ်ပြု၍ မရနိုင်သည်ကို သိထားရမည်။

သူ့အား အံ့ဩမှုအပေးနိုင်ဆုံးသည် ကျုံးမိသားစုပင်ဖြစ်၏။ ကျုံးမိသားစုသည် သူ့အား ကျုံးယို့ယို့အတွက် သတိပေးခဲ့ကြသည်။ ဌာနမှူးသည် ကနဦး၌ ထိတ်လန့်သွားခဲ့ပြီး ဘာတစ်ခုမှ မလုပ်ရဲခဲ့ပေ။ ထို့နောက် ကျုံးမိသားစု၏လုပ်ငန်းများနှင့် ဆက်စပ်သည့် စီးပွားရေးကိစ္စများမှာ ရပ်ဆိုင်းခံလာရကာ သူသည် ကျုံးပါပါးကို မုန့်ရှစ်ရွှမ်၏ အတန်းပိုင်ဆရာဟူသည့် အမည်နာမကို အသုံးပြုကာ သွားရှာရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now