Chapter 28
ကျုံးယို့ယို့သည် ရုံးခန်းတံခါးအားဖွင့်လိုက်ပြီး ထိုးဖောက်၍ပင်မရနိုင်သော ကော်ရစ်တာအား ဖြတ်လျှောက်သွားခဲ့သည် ။
စီနီယာနှစ်၏ အကြီးတန်းကျောင်းသားများပင် သူမကို ကြည့်နေကြသည် ။
သူရဲကောင်းအစစ်သည် ကတုတ်ကျင်းကို ပေါက်ကွဲစေခဲ့ပြီး နောက်သို့ပင်တစ်ချက်ပြန်မလှည့်ခဲ့ ။
တတိယထပ်ရှိ ကော်ရစ်တာတွင် လူအများအပြားမဆန့်တော့၍ အချို့သည် လေးထပ်သို့တက်၍ အောက်သို့ပြန်ငုံကြည့်နေကြရသည် ။
ကာယချိန်တွင် အားကစားကွင်းထဲရှိနေခဲ့သော အတန်းပေါင်းစုံမှ ကျောင်းသားများပင် ရောက်လာကြပြီးစောင့်ကြည့်နေခဲ့ကြသည်။ ကော်ရစ်တာတွင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည် ။
ရုံးခန်းပြတင်းပေါက်ဘေးရှိ ကျောင်းသားက အခြေအေနကို အရင်ဆုံး သတိပြုမိခဲ့သည်။
ရုံးခန်းထဲရှိ လေထုသည် ငြိမ်သက်နေခဲ့သည် ။
ဆရာ၏ မျက်နှာသည် နီရဲလာပြီး အပြာရောင်သွေးကြောများပင်ထောင်ထလာကာ စိတ်လှုပ်ရှုားနေသောမြင်ကွင်းကို တွေ့လိုက်သည်နှင့် သူနားလည်သွားခဲ့ရသည် ။
" အားလုံးပဲ ထိပ်ပြောင်ရှုံးသွားပြီဟ "
တစ်ခဏအတွင်း အံ့အားသင့်နေသောအသံများရုတ်တရက် ပေါက်ကွဲထွက်လာသည် ။ စင်္ကြံတစ်လျှောက်ရှိသူအကုန် ပြောစရာစကားပင်ရှာမရနိုင်အောင် ဖြစ်ခဲ့ပြီး ကျုံးယို့ယို့သည် လမ်းရှိသူများအား ဖယ်ရှားကာ ထွက်သွားခဲ့သည့်ပုံစံကိုသာ ကြည့်နေခဲ့ရသည် ။
တစ်ခဏာတာတိတ်ဆိတ်သွားခဲ့ပြီးနောက်တွင် ကော်ရစ်တာရှိသူများသည် မယုံနိုင်လောက်အောင် ထိတ်လန့်ခြင်းဖြင့် နှောင့်ယှက်ခံခဲ့ရပြီး နေရာအပြည့် အော်ဟစ်သံများ ၊ လက်ခုပ်တီးသံများနှင့် ပြည့်နှက်သွားခဲ့ရသည် ။
ဘုရားရေ ။
စောက်ရမ်းကိုပဲ ဒါကအသေမိုက်လွန်းတယ် ။သူမက တစ်ကယ်ကိုပဲ ထိပ်ပြောင်ရဲ့အရှေ့မှာတင် အမှတ်ပြည့်ရခဲ့တာ ။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊