chapter 119

434 60 0
                                    

Chapter 119 The Scum
December 29, 2023

Chapter 119

ရေခဲသေတ္တာထဲတွင် ဘာမှမရှိသောကြောင့် နှစ်ယောက်က အပေါ်ထပ်ကုတ်များကိုယူကာ အနီးနားမှကုန်တိုက်သို့ ဈေးဝယ်ရန်ထွက်လာကြသည်။

ချင်းယောင်ကလှည်းကိုတွန်းကာ ကျုံးယို့ယို့က သူ့လက်မောင်းကိုဖက်ထားသည်။ ချင်းယောင်၏ ခန္ဓာကိုယ်သည် ရုတ်တရက်တောင့်သွား၏။

ဘယ်လောက်တောင်ကြာနေပြီလဲ အခုထိ အသားချင်းထိတာကို နေသားမကျသေးဘူး

ကျုံးယို့ယို့က ပို၍တင်းအောင်ဖက်လိုက်ရာ ချင်းယောင်တစ်ကိုယ်လုံး‌‌တောင့်တင်းလာတော့၏။

ချင်းယောင်က ခပ်တောင့်တောင့်နှင့်မေးလိုက်သည်။ “မိန်းကလေးတွေက လမ်းလျှောက်ရင် တခြားသူရဲ့လက်ကို ဖက်လေ့ရှိကြတာလား”

ကျောင်းတွင် မိန်းကလေးတချို့ အချင်းချင်းလက်ကိုင်ကာသွားကြသည်ကိုမြင်ဖူးသည်။ ကျုံးယို့ယို့သည် သူ့အပေါ် စိတ်ရင်းနှင့်လား မသိစိတ်အရလုပ်လိုက်သည်လားကို သေချာသိချင်မိ၏။

“ဟင့်အင်း” ကျုံးယို့ယို့ပြောလိုက်သည်။ “ကျွန်မဘယ်သူ့ကိုမှခုလိုမလုပ်ဖူးဘူး ရှင်ကပထမဆုံးနဲ့ တစ်ဦးတည်းပဲ”

ချင်းယောင်နှုတ်ခမ်းထောင့်စွန်းတို့မြင့်တက်သွားပြီး “ဘာစားချင်လဲ”

ကျုံးယို့ယို့ : “ဘာဖြစ်ဖြစ်ရတယ် အမဲသားနည်းနည်းဝယ်ရအောင် အသားစားချင်နေလို့”

နှစ်ယောက်သား အေးခဲထားသည့် အသားတန်းသို့ရောက်လာကြသည်။

ရုပ်သံမှသတင်းလွှင့်လိုက်ပြီးနောက် ကုန်တိုက်ထဲရှိ လူများသည် ကျုံးယို့ယို့က တီဗီတွင်ပါသည့် ကျုံးမျိုးရိုးဖြစ်ကြောင်း ချက်ချင်းသိသွားကြကာ ကြည့်နေကြသည်။ ထိုအဖြစ်အပျက်သည် အမှန်တကယ် ဖြစ်ခဲ့သည့်ပုံပင်။ ဤတစ်ခေါက်ပြဿနာကကြီးပြီး  သတင်းများတွင်လည်း တရားဝင်ထုတ်လွှင့်ထားသည်။

ကျုံးယို့ယို့မျက်မှောင်ကြုတ်လိုက်သည်။ သူမ ဘာမှမပြောခင်မှာပင် ချင်းယောင်က ကုတ်အင်္ကျီကြယ်သီးတို့ကို ဖြုတ်လိုက်ပြီး သူမခေါင်းကိုကိုင်လိုက်ကာ “ဒီကိုလာ”

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now