Chapter 31
လွန်ခဲ့သောနှစ်ရက်မှ အဖြစ်အပျက်သည် ယခုထိဆန်းသစ်နေတုန်းပင်ဖြစ်သည် ။
အထက်တန်းကျောင်းဒုတိယနှစ်မှ ကျုံးရှီယို့သည်ပင် တတိယတန်းမှ မဟုတ်သော်လည်း ထိုသတင်းအားကြားခဲ့ရသည် ။ သူသည် သူ၏ ဒုတိယအစ်မဆီသို့ သွားချင်ခဲ့သော်လည်း သူမ၏ ကွဲပြားသွားသောအမူအကျင့်တို့အား အမှတ်ရလာမိသောအခါ သူသည်လည်း အတိတ်တွင် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသည်အား စဥ်းစားမိလိုက်ပြီး သူ၏ စိတ်တို့ကို ပြန်လည်ထိန်းချုပ်လိုက်ရသည် ။
သို့သော် သူသည် ဘာမျှမတတ်နိုင်ဘဲ သူ့ဒုတိယအစ်မ၏ သတင်းတို့အား သိချင်နေတုန်းပင်ဖြစ်သည် ။ထို့ကြောင့် သူသည် အားလပ်ချိန်များတွင် ကျောင်းဖိုရမ်၌ ဝင်ရောက်ရှာဖွေလေ့ရှိသည် ။
ကျုံးယို့ယို့နှင့်ပက်သက်သော ပို့စ်များတက်လာလျှင် သူ မနေနိုင်စွာပင် နှိပ်ကြည့်မိသည် ။
သူမအားဖော်ပြထားသော စွမ်းဆောင်မှု ၊ အလှတရား နှင့် ပေါက်ကွဲထွက်လာသော ချောမောမှုများအား တွေ့လိုက်ရပြီးနောက် မသိလျှင် သူကိုယ်တိုင်ပင် ချီးမွမ်းခံလိုက်ရသကဲ့သို့ပင် သူ၏ နှလုံးသားထဲတွင် ပီတိများအပြည့်ဖြစ်နေခဲ့ရပြီး အောင်ပွဲခံနေသလိုပင် ပြုံးလိုက်မိသည် ။
သူမက ငါ့ရဲ့ အစ်မပဲ ။ ငါ့ရဲ့ အစ်မက အရမ်းမိုက်တာပဲ ။
သို့သော် ပို့စ်အောက်တွင် သူမသည် ဌာနမှူးအား စော်ကားခဲ့ပြီး အကျိုးဆက်အား စောင့်ဆိုင်းသင့်သည် ဟူသော အချို့ကောမန့်တို့ကို တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်မိပြီး သူသည် အရိုက်ခံလိုက်သကဲ့သို့ပင် ဒေါသများလျှံထွက်လာရသည် ။
အဲ့လူက ဌာနမှူးတစ်ခုခုလုပ်မှာကို ကြောက်နေတာပဲ ဖြစ်ရမည်။အဲ့ဒါ ဌာနမှူးကအရင် ကျုံးယို့ယို့ကို အနိုင်ကျင့်ခဲ့တယ်ဆိုတာ ရှင်းနေတာပဲ ။
သူ နောက်ပို့စ်များစွာကိုကြည့်လိုက်ရာ ဒေါသထွက်စရာမန့်များကိုတွေ့လိုက်ရသည်
[တကယ်ပြောတာ ၊ မင်းကရုပ်ရည်သွင်ပြင်ကိုပဲ ကြည့်ပြီးအကဲဖြတ်မယ်ဆိုရင် ကျုံးယို့ယို့က ကျုံး(မုန့်)ရှစ်ရွှမ်ထက်နိမ့်ကျတယ် ။ ငါ့ကို မသမုတ်ကြနဲ့နော် ။မုန်လာဥနီတွေ နဲ့ အသီးအရွက်တွေမှာလည်း သူတို့ကို ချစ်ပေးမယ့်သူရှိတာပဲလေ ။ မျိုးရိုးနာမည်ကျုံး နဲ့ ကျုံးရှစ်ရွှမ် ကသူမထက် ပိုသာတယ် ။သူမထက်စာရင်လည်း ပိုရက်ရောပုံပေါ်တယ် " ]
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊