Chapter 101 The Scum
December 28, 2023
Chapter 101" မင်းတို့အခုထိ လက်မခံနိုင်ကြသေးဘူးလား ။"
မာကျန့်သည် ဒေါသကြောင့် လှောင်ရယ်လာခဲ့သည် ။ထို့နောက် စင်အောက်ရှိ ဖရိုဖရဲဖြစ်နေကြသောသူများအားကြည့်လိုက်ကာ အချို့သည် အချိန်ကုန်လျှင်ပြီးရော ဟူသည့်အတိုင်း နားကြပ်များပင်တပ်ထားကြသေးသည် ။ သူသည် ကျောင်းသားများအား တိုက်ရိုက်ပင် မကြည့်နိုင်ခဲ့ချေ ။
" ငါပြောမယ် ။ မင်းတို့က တစ်မြို့လုံးက အတော်ဆုံးသူတွေကိုဖိတ်ချင်နေတာ ။ သူတို့သာ လာနိုင်ရင် မင်းတို့မေးနေစရာတောင်မလိုဘူး ။ မင်းတို့သာ သူတို့ကိုဖိတ်ကြားနိုင်မယ်ဆိုရင် အဲ့အတွက် နံ့သာပေါင်းကိုပါ မီးရှို့ပေးလိုက်တော့ ။"
သူထိုသို့ပြောလိုက်သောအခါ အတန်းထဲတွင် တိတ်တဆိတ်သုန်မှုန်နေသော သူများပို၍များလာလာခဲ့သည် ။
အစပိုင်းတွင် အတန်းထဲ၌ စိတ်ကြီးဝင်နေကြသောသူများ များစွာရှိကြလေသည် ။ သူတို့သည် ပုံမှန်အားဖြင့် တစ်ဖက်ကျောင်းမှ သူများအား စာကြမ်းပိုးဟုခေါ်ဆိုကာ အထင်သေးကြလေ့ရှိပြီး စာမတော်သော သူများကိုတော့ ဒုတိယမျိုးဆက်ဘိုးဘေးကြီးများဟု ခေါ်ဆိုလေ့ရှိကြသည် ။သူတို့သည် မျက်နှာချင်းဆိုင် အထက်တန်းကျောင်းရှိသူများအား အလွန်အော့နှလုံးနာနေကြသည် ။ ကျောင်းသားများသည် အတန်းသို့ ဟန်ပြသာလာတက်ကြပြီး ယခုတွင် သူတို့၏ အတန်းပိုင်ဆရာသည် တစ်ဖက်ကျောင်းမှ ကျောင်းသူအား အလွန်မြှောက်ပင့်နေသည်ကို တွေ့လိုက်ရသည် ။
အဲ့တာက စစ်ဆေးမှုမှာ အမှတ်အနည်းငယ်လေးပိုရသွားရုံပဲမဟုတ်ဘူးလား ။ဘာတွေများ ကြီးကျယ်နေလို့လဲ ။
ထိုအချိန်တွင် ကျုံးယို့ယို့သည် သူတို့အတွက် တစ်စုံတစ်ယောက်၏ မိသားစုဝင်ကဲ့သို့ဖြစ်နေပြီး သူတို့ သူမကို မမုန်းဘူးဆိုမှသာလျှင် ထူးဆန်းပေလိမ့်မည် ။
ကျေးဇူးပြုပြီး ။ မည်သို့ပင်ဖြစ်စေ ထိုအရာသည် နောက်သို့ပြန်လှည့်ကာ သွားနေခြင်းပင် ဖြစ်သည် ။အများဆုံးမှာ ၎င်းသည် သူတို့၏ ဂိမ်းကစားရမည့်အချိန်များအား နှောင့်နှေးစေမည်သာ ဖြစ်သော်လည်း သူတို့သည် မြို့နယ်တွင်အကောင်းဆုံးနေရာရထားသော တစ်ဖက်ကျောင်းမှသူအား ဘယ်လိုမျိုးလဲဆိုသည်ကို ကြည့်ရမည်ဖြစ်သည် ။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊