chapter 115

482 53 0
                                    

Chapter 115 The Scum
December 29, 2023

Chapter 115

ဟယ်ချုန်ရှန်းကုမ္ပဏီမှပြန်လာပြီး သူ့သားအိမ်တွင်ရှိနေသည်ကို မြင်လိုက်သောအခါ အံ့သြသွားပြီး အ‌ပေါ်ထပ်ကိုချွတ်ကာ လျှောက်လာလိုက်သည်။ “သား ဒီနေ့ အိမ်မှာအိပ်မှာလား”

ဟယ်ယိခန်းက ဂိမ်းကိုရပ်လိုက်ကာ တီဗီကိုသာ စိုက်ကြည့်နေခဲ့၏။ သူကလှည့်ကြည့်မလာဘဲ နှာခေါင်းရှုံ့လိုက်ကာ “ ထမင်းစားမလို့ခဏဝင်လာတာ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာကိုယ်ပဲနေပါ”

ဟယ်ချုန်ရှန်း၏ မျက်နှာသည် မှောင်မိုက်သွားကာ ဝမ်းနည်းလာခဲ့သည်။

မုန့်ချန်အားလက်ထပ်လိုက်သည့်အချိန်မှစ၍ သူနှင့်သူ့သားဆက်ဆံရေးသည် အေးစက်သွားခဲ့သည်။ အတိတ်၌ သူက မုန့်ချန်ကို နှလုံးသားထဲမှ ချစ်မြတ်နိုးခဲ့၏။ သူ့သားအတွက် စိတ်မကောင်းဖြစ်မိသော်လည်း သွေးသားသံယောဇဥ်သည် လွယ်လွယ်နှင့် ပြတ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူအလုပ်ကြိုးစားလုပ်ကာ ဝင်ငွေရှာနေသ၍ ဟယ်ယိခန်း၏လိုအပ်ချက်တို့ကိုဖြည့်ပေးနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

ယခုသူ့သား အသက်ကြီးလာသည်ကိုတွေ့ရသည့်အခါ သူတို့နှစ်ယောက်ဆက်ဆံရေးသည် ပြေလည်လာဖို့ရန် ခက်ခဲကြောင်း သိလာရသည်။ သူတို့က သိပ်တွေ့လေ့မရှိသော်လည်း ရှစ်ဘဝကြာအငြှိုးရှိသည့်  ရန်သူများကဲ့သို့ပင်။ သူ့စိတ်ထဲတွင် မသက်မသာခံစားလာရတော့သည်။ ထိုအချိန်တွင် သူက မုန့်ချန်နှင့် လက်ထပ်ခဲ့သည်ကို နောင်တရမိတော့သည်။

မုန့်ချန်က မီးဖိုချောင်ထဲတွင်ရှိနေသည်။ စိတ်ရှုပ်စရာကောင်းသည့် ဟယ်ယိခန်းပြန်လာသည်ကိုလဲ သိ၏။ သူမက လူတစ်ယောက်စာပိုချက်ရတော့ပေမည်။ သူမက ဘဝင်မကျသော်လည်း အပြုံးမပျက် နေလိုက်သည်။ ထမင်းစားပွဲတွင် “ ခန်းခန်း... မင်းကြိုက်တဲ့ အမဲသားချက်ထားတယ် မြည်းကြည့်ပါဦး”

ယခင်ကကဲ့သို့ပင် ဟယ်ယိခန်းက ဂရုမစိုက်ကာ မော့ပင်ကြည့်မလာခဲ့ချေ။

မုန့်ချန်၏အပြုံးတို့သည် ပျောက်ကွယ်သွားပြီး သူက ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်၏။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now