Chapter 22
ဒါက ကျုံးရှီယို့ထင်မြင်ထားသည်နှင့် လုံးဝကို ကွဲပြားနေ၏။ ကျုံးယို့ယို့ အိမ်မှထွက်ပြေးရန် ရွေးချယ်ခဲ့သည့်အကြောင်းရင်းက တစ်ပတ်အတွင်း မကျေမနပ်မှုများ စုပုံလာပြီး နောက်ဆုံးတွင် သူမ၏မိသားစုကို စိတ်ပျက်သွား၍ ဝမ်းနည်းစွာဖြင့် ထွက်ခွာသွားခဲ့တာဖြစ်မည်ဟု သူတို့ထင်ခဲ့ကြသည်။ ထို့ကြောင့် ယခုအချိန်၌ သူမသည် နီရဲနေသော မျက်၀န်းများနှင့် အားမွေးနေပြီး ထောင့်တစ်နေရာမှာ ကွေးနေလောက်ရမည်ပင်။
ကျုံးပါပါးသည် နေ့ခင်းတုန်းက အခြားလူတစ်ယောက်က နားထောင်မကောင်းသည့်စကားတွေ သူမကိုပြောခဲ့ပြီး ယို့ယို့က ထိုစကားတွေကြောင့် ဒေါသတကြီးဖြင့် အိမ်မှထွက်သွားတာဖြစ်မည်လားဟုပင် တွေးမိခဲ့သည်။ သူ့စိတ်က စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေပြီး ဖရိုဖရဲဖြစ်နေသောကြောင့် ကောင်းကောင်းစဉ်းစားဖို့ အချိန်မရှိခဲ့ချေ။
သို့သော်လည်း ယခုမူကား.....
သူတို့ရှေ့မှ ဤသို့သောမြင်ကွင်းကို မြင်လိုက်ရတော့ အမှန်တကယ်ပင် အံ့ဩသွားရလေသည်။
ကျုံးယို့ယို့က အိမ်မှထွက်လာပြီးနောက် အရမ်းပျော်ရွှင်နေသည်လား? သူတို့၏ အိမ်ထဲသို့ ဝင်လာပြီးကတည်းက သူမ ဒီလောက်ထိ ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက်နေတာမျိုး သူတို့ တစ်ခါမှမတွေ့ခဲ့ဖူးချေ။ ယခု သူမသည် သူတို့ကို ထားရစ်ခဲ့သော်လည်း အဆင်ပြေနေပုံရလေသည်။
မိသားစုဝင်ဖြစ်သည့် သူတို့တွေကို သူမ အမှန်တကယ် ဂရုမစိုက်တော့ဘူးလား။
ကျုံးပါပါးသည် အသက်ရှူမဝဖြစ်သွားရပြီး သူ့မျက်နှာက တခဏလောက် ဖြူဖျော့သွားလိုက်၊ ပြာနှမ်းသွားလိုက်ဖြစ်နေကာ ကျုံးရှီယို့သည်တော့ ပို၍ပင် ထုံထိုင်းသွားပြီး တိတ်ဆိတ်သွားတော့သည်။
စက္ကန့်အနည်းငယ်အကြာတွင် ကျုံးပါပါးက တုံ့ပြန်မှုတွေကို ပြန်လည်ထိန်းချုပ်လိုက်ပြီး မျက်နှာရှုံ့မဲ့စွာဖြင့် တံခါးကိုတွန်းဖွင့်လိုက်ကာ "မင်းက ကြောင်တောင်တောင်နဲ့ ဘာလုပ်နေတာလဲ? မင်းရဲ့အစ်မကို မတားရင် သူမထွက်သွားလိမ့်မယ်!"
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊