Chapter 105 The Scum
December 29, 2023
Chapter 105နောက်ဆုံးအကြိုပြိုင်ပွဲ၏ အဆင့်သည် ပဏာမအချီတုန်းကထက် ပို၍ ပြင်းထန်သည် ။အဆုံးတွင် ၎င်းသည်နိုင်ငံလုံးဆိုင်ရာ နာမည်ကြီးအစီစဥ်ပင် ဖြစ်သည်
။နောက်ဆုံးအကြိုပြိုင်ပွဲအဆုံးတွင် အထက်တန်းကျောင်းသားများထက် ပို၍များပြားသော ပရိတ်သတ်များသည် စောင့်ကြည့်နေခဲ့ကြသည် ။ အသိပညာပြိုင်ပွဲဖြစ်သော်လည်း ပါဝင်ယှဥ်ပြိုင်သူအားလုံးသည် ငယ်ရွယ်ပြီး လှပသော မိန်းကလေး ၊ ယောကျ်ားလေးများဖြစ်ကြပြီး အရွယ်ရောက်သောအခါတွင် နာမည်ကြီးလာနိုင်ကြသည့် သူမျိုးပင် ဖြစ်ကြသည် ။
မဟုတ်လျှင် သူ၏အတိတ်ဘဝတွင် ရှစ်ကျစ်ထန်သည် နိုင်ငံဆိုင်ရာပထမချန်ပီယံအဖြစ် အနိုင်ရပြီးနောက်တွင်၎င်းမှ အကျိုးများစွာ ရလိမ့်မည်မဟုတ်ပေ ။
ယှဥ်ပြိုင်ပွဲ၏ စည်းမျဥ်းများအား ဖတ်ပြီးသောအခါ ကျုံးယို့ယို့ သူမ၏ဖုန်းအားချထားလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ရန်သာ စီစဥ်လိုက်တော့သည် ။
နောက်တစ်ရက်တွင် သူမအတန်းထဲသို့ ဝင်ဝင်ချင်းပင် နောက်ထပ်အုပ်စုတစ်စုသည် ရွှီရှောင်ယွဲ့အနားတွင် စုဝေးနေသည်ကို တွေ့လိုက်ရသည် ။မိန်းကလေးအုပ်စုသည် တစ်စုံတစ်ရာအား စိတ်အားထက်သန်စွာပင် ဆွေးနွေးနေကြသည် ။ရွီရှောင်ယွဲ့ရထားသော နေရာသည် အတန်း(၁၉) အတင်းအဖျင်းမိန်းကလေးအုပ်စု၏ ဗဟိုလူဟုပင် ပြောနိုင်ပြီး ကျုံးယို့ယို့သည် ထိုအရာအား နေသားကျနေသကဲ့သို့ပင် လျှောက်သွားလိုက်သည် ။
သို့သော် ယနေ့တွင် အနည်းငယ်ကွာခြားပုံရသည် ။ယနေ့တွင် ရွှီရှောင်ယွဲ့၏ မျက်နှာသည် နီရဲပြီး သူမသည် အထူးစိတ်လှုပ်ရှားနေခဲ့သည် ။
" ဒီလုပ်ဆောင်ချက်က မနေ့ညကမှ အသစ်မြှင့်တင်လိုက်တဲ့ စနစ်လေ ၊ ဟုတ်တယ်မလား ။ အဲ့တာက တစ်ခါမြှင့်တင်ပြီးတာနဲ့ အဲ့လူက ငွေအများကြီးပေးခဲ့ပြီးသားဖြစ်သွားပြီ ။တစ်ကယ်ကို အဲ့လူက ပြည်တွင်းအာဏာရှင် ဆိုတာထင်ရှားနေတာပဲ "
" ငါကပိုက်ဆံနဲ့ ပန်းပွင့်တွေဝယ်ပြီး မဲထည့်လိုက်မယ်ဆိုရင် အဲ့တာက ရေတွက်ပြီးသား ဖြစ်သွားမှာ ။ဒါတွေအကုန်လုံးက ပိုက်ဆံအစစ်တွေပဲ ။ဒီလူက တစ်ကယ်ကို RMB ကစားသမားပဲ ။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊