Chapter 27
နောက်ဆုံးမှာ မုန့်ရှစ်ရွှမ် သူမဘာမှတတ်နိုင်တာမရှိတော့သည့်အတွက် ဂနာမငြိမ်လုပ်မိလုပ်ရာ လျှောက်လုပ်နေသည်ပေလား ။
ကျုံးယိူ့ယို့ သူမအပေါ် ပထမဆုံးအကြိမ် အာဃာတထားမိသည် ။ သူများကသာ သူမကိုမတိုက်ခိုက်ခဲ့ဘူးဆိုလျှင် သူမသည်လည်း တစ်ဖက်လူကို တိုက်ခိုက်နေမည်မဟုတ်ပေ ။
သူမသည် အရင်က မုန့်ရှစ်ရွှမ်ကို မုန်းသော်လည်း ဂရုစိုက်နေဖို့ရန်ပင် ပျင်းလွန်းခဲ့သည် ။ အကယ်၍ ဒီတစ်ကြိမ်တွင် မုန့်ရှစ်ရွှမ်သည် သူမခုန်ချဖို့ တွင်းတစ်တွင်းတူပေးခဲ့သည်ဆိုပါ သူမသည် မုန့်ရှစ်ရွှမ်အား သေချာပေါက် ပြန်တိုက်ခိုက်မည် ဖြစ်သည် ။
"ကျူတာခန့်တာလား ။ ဘယ်လိုကျူတာမျိုးက အရမ်းကောင်းပြီး မင်းကို ဒီလောက်ထိတော်သွားအောင် ကူညီပေးနိုင်နေတာလဲ "
သူသည် မုန့်ရှစ်ရွှမ်၏အတန်းမှ ဆရာဖြစ်သည် ။ လီသုန်းဖျင်အား ကြည့်ကာ ရက်အနည်းငယ်လောက် နေမထိထိုင်မသာဖြစ်ခဲ့သောသူသည် ယခုချိန်တွင်တော့ လက်ဖေ့ရည်ခွက်ကိုကိုင်ကာ ပီတိဖြာနေခဲ့သည် ။ သူသည် စိတ်လှုပ်ရှားစရာကောင်းသည့်မြင်ကွင်းအား ဘေးမှကြည့်ရှူနေခဲ့ပြီး စကားလုံးအနည်းငယ်ရေရွတ်နေခဲ့သည် ။
ထိုစကားသည် လီသုန်းဖျင်၏ ဒေါသကို ဆွဲလိုက်သကဲ့သို့ ဖြစ်စေခဲ့သည် ။ သူသည် ရုတ်ချည်းလှည့်လိုက်ကာ ထိုဆရာ၏ နှာခေါင်းနားသို့ လက်ညှိုးထိုးလိုက်ပြီး " မင်းနောက်တစ်ခေါက်လောက်ပဲ ထပ်ပြောကြည့်လိုက်စမ်း "
သူ၏အတန်းရှိကလေးများသည် ကယ်တင်၍မရနိုင်သည်ကို လီသုန်းဖျင်သိသည်။
သူတို့က ရွှံ့တွေလိုပဲ ဒါပေမဲ့ အခြားသူများတွင်တော့ သူ၏ ကလေးများအား ဝေဖန်ပိုင်ခွင့်မရှိပေ ။
အခြားအတန်းမှ ဆရာများသည် သူ၏ အတန်းအား သင်ကြားပေးရသည်မဟုတ်ပါ ။ သူ၏ အတန်းရှိကလေးများသည် အခြားသူများထက်ကြိုးစားလား မကြိုးစားလားဆိုသည်ကို သူတို့ဘယ်လိုလုပ်သိနိုင်ပါ့မလဲ ။ အတန်း၏ သွေးကြောဖြစ်သည့် ကြိုးစားသည့်ပန်းပွင့်လေး ရွှီရှောင်ယွဲ့သည်ပင် စာမေးပွဲကျခဲ့သည်ကို လီသုန်းဖျင်တွေ့ခဲ့ပြီး သူမသည် အတန်းထဲတွင်ပင် ငိုယိုကာ ညနက်ထိ စာလုပ်နေခဲ့သည် ။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊