ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်

1.1K 126 1
                                    

Chapter 54 The Scum
December 09, 2023
Chapter 54

မုန့်ရှစ်ရွှမ်က နောက်ဆုံးတော့ တင့်တယ်လှပနေသည့် ဝတ်စုံနှင့် ကျုံးယို့ယို့ကို တွေ့လိုက်ရသည်။

သူမက ကြမ်းပြင်အထိရှည်ပြီး စိန်သေးသေးလေးတွေစီထားတဲ့ ဝတ်စုံကိုဝတ်ထားကာ ဝိုင်ခွက်ကိုကိုင်ရင်း ရပ်နေ၍ သူမကို ဂရုမစိုက်သလိုကြည့်နေသည်။

၎င်းသည် နှင်းမင်းသမီးလေးက သူမကိုကြည့်ပြီး လှောင်ရယ်နေသည်နှင့်တူ၏။

ထိုခဏတွင် မုန့်ရှစ်ရွှမ်၏ခေါင်းထဲ၌ တစ်စုံတစ်ခုကို သတိရသွားတော့သည်။ လွန်ခဲ့သည့် ၁၈နှစ်အတွင်း ကျုံးမိသားစု၏ကြီးကျယ်ခမ်းနားသောဘဝကို ပျော်မွေ့နေခဲ့သော်လည်း ဤကဲ့သို့ တင့်တယ်လှပသော ဝတ်စုံကိုတော့တစ်ခါမှ မဝတ်ခဲ့ဖူးပေ။

သူမကမနာလိုဖြစ်သွားခဲ့သည်။

သူမသည် ကျုံးယို့ယို့ကို မနာလိုဖြစ်သွားကြောင်း ဝန်ခံရပေမည်။

အတိတ်တွင် သူမသည် ကျုံးယို့ယို့ကို အမြဲအပေါ်စီးကနေသာ ကြည့်ခဲ့လေသည်။ သို့သော် ယခုတွင်တော့ အရာအားလုံးပြောင်းပြန်ဖြစ်ကုန်ကာ  သူမသည် ခန်းမထဲရှိလူများမြင်သွားမှာကိုပင် ကြောက်နေသော ကြွက်ကလေးတစ်ကောင်နှင့်ပင်တူနေတော့သည်။

“ အဲ့တာကျုံးမိသားစုရဲ့ အရင် သမီးမလား? အတုမလား?” ရုတ်တရက် ထောင့်တွင်ရှိနေသောမုန့်ရှစ်ရွှမ်ကို တစ်ယောက်ယောက်က မြင်သွားခဲ့သည်။

မုန့်ရှစ်ရွှမ်က အံကြိတ်လိုက်ပြီး အပေါ်ထပ်သို့ အပြေးတလွှားတက်သွားလိုက်သည်။ ကိစ္စမရှိဘူး... ကျုံးမိသားစု ဒါမှမဟုတ် ကျုံးမာမားရဲ့ မျက်နှာသာရနေသ၍ သူမပိုင်ဆိုင်ထားတဲ့အရာတွေပြန်ရလာလိမ့်မယ်။

*******

ကျုံးယို့ယို့က သူမရှေ့တွင်ရပ်နေသောသူကိုပြန်အာရုံစိုက်လိုက်ပြီး : နည်းနည်းတော့သောက်တာပေါ့... ဒါပေမယ့် မကတော့ဘူး”

ထိုလူက သနားစဖွယ်ပုံဖြင့် : “ မမလေးကျုံး... ကျွန်တော်က အတူကွဲကဖို့ အရည်အချင်းမပြည့်မီလို့လား?”

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်حيث تعيش القصص. اكتشف الآن