Chapter 65 The Scum
December 13, 2023
Chapter 65ကျုံးယို့ယို့သည် သူမကို လူပုံအလယ်တွင် အရှက်ခွဲရန် ဤနေရာသို့ ခေါ်လာခဲ့သည် ။သူမ တစ်ကယ်ကို ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ ။
သူမ၏ အနီးနားတစ်ဝိုက်တွင် ရှိနေသော ကျောင်းသားများ ဆွေးနွေးနေကြသည်ကို ကြားသောအခါ သူမ၏ မျက်နှာအား ပြင်းပြင်းထန်ထန်ရိုက်ခံလိုက်ရသလို နာကျင်နေခဲ့သည် ။သူမသည် အသက်အရွယ်ရနေပြီဖြစ်ပြီး ဆံပင်များသည်ပင် တစ်ဝက်လောက် ဖြူနေပြီဖြစ်သည် ။ သို့သော် ထိုကဲ့သို့သော ဘေးမှ ဝိုင်းကြည့်နေသူများနှင့် ဤကဲ့သို့ စော်ကားပြောဆိုခြင်းများခံနေရသေးသည် ။
သူမသည် မြေကြီးတွင် တွင်းတစ်တွင်းတူးရန်ပင် မစောင့်နိုင်တော့ချေ ။ သို့သော် သူမဘေးနားရှိ ကျောင်းသူတစ်ယောက်သည် မုန့်ရှစ်ရွှမ်အား စော်ကားပြောဆိုလာသည်ကို ကြားသောအခါ သူမ၏ နှုတ်ခမ်းများ တုန်ရီလာပြီး သူမစကားပြောလိုက်သောအခါတွင် အသံများ တုန်ရီလာသည်ကိုပါ မထိန်းထားနိုင်ခဲ့ပေ ။
" ရှစ်ရွှမ်က ဘာဖြစ်နေလို့လဲ ။အနည်းဆုံးတော့ ကလေးက အပြစ်ကင်းပါတယ် ။သူမ က တစ်ကယ်ရိုးသားတာ ။ ပြီးတော့ နင်က သူ့ရဲ့ အတန်းဖော်ပဲ၊ ဘယ်လိုလုပ်ပြီး နင်သူ့ကို အဲ့လိုပြောနိုင်ရတာလဲ ။ "
အဆုံးတွင် မုန့်ရှစ်ရွှမ်သည် အတန်း၏ နတ်ဘုရားမ ဖြစ်ခဲ့ပြီး အချို့သောသူများသည် သူမအား ကာကွယ်ပေးနေကြသေးသည် ။ မုန့်ရှစ်ရွှမ်အား ပြောဆိုခဲ့သော ထိုဆင်းရဲသည့် ကျောင်းသူသည် ပါးစပ်ပိတ်သွားခဲ့သည် ။
သို့သော် မုန့်ရှစ်ရွှမ်နှင့် အတန်းတူသည့် ပထမတန်းရှိ ကျောင်းသူသည် ထိုအရာအား ဆက်သည်းမခံနိုင်တော့ပေ ။
" မုန့်ရှစ်ရွှမ်နဲ့ ဘာမှလုပ်စရာမရှိဘဲ နေပါ့မလား ။ ပြီးတော့ သူမက ရိုးသားတယ်တဲ့လား ။ သူမက တစ်ခြားသူတစ်ယောက်ရဲ့ အဆင့်အတန်းကိုယူပြီး နှစ်ပေါင်းများစွာကြာအောင် နေခဲ့တယ်ဆိုတာ သူ့ကိုယ်သူသိတယ် ။ အဲ့တာနဲ့တောင်များ သူမ က ဘယ်လိုလုပ်ပြီး ကျုံးယို့ယို့ကို အလျော်မပေးချင်သေးရတာလဲ ။ သူမ ကျုံးယို့ယို့ကို စကားသွားပြောတာတောင် ငါတို့ ကျောင်းမှာတစ်ခါမှ မတွေ့ခဲ့ရဘူး ။"
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊