Chapter 39 The Scum
December 05, 2023
Chapter 39ရုံးခန်းသည် အလွန်အမင်းတိတ်ဆိတ်နေခဲ့၏။ ဆရာငါးယောက်က သူ့ကိုကြည့်နေခဲ့ပြီး သူသည်လည်း ထိုသူတို့ကို ပါးစပ်ကျယ်ကျယ်ဟလျက်သား ပြန်ကြည့်နေခဲ့သည်။ မိုးကြိုးပစ်သွားသည်ဟုပြောလျှင်တောင် အလွန်အကြူးဖြစ်မည်မထင်ပါ။ သူတို့သည် မိုးကြိုးပစ်သံကိုတောင် ကြားလိုက်ရသလိုခံစားရလေ၏။
'ကျုံးယို့ယို့လား။ ဒီအဖြေလွှာက ကျုံးယို့ယို့၏ အဖြေလွှာဆိုတာ သေချာရဲ့လား။ ဂြိုလ်သားတွေရဲ့ အဖြေလွှာတွေကများ ရောနှောနေတာလား '
'ပြီးခဲ့သည် အထက်တန်းသုံးနှစ်လုံး ကျုံးယို့ယို့၏အမှတ်များမှာ အလယ်အလတ်အဆင့်သို့ပင်ရောက်ခဲ့ဖူးခြင်းမရှိ။
ဒီလိုကျောင်းသူမျိုးက ရုတ်တရက် ပြောင်းပြန်ဖြစ်သွားတယ်လား '
ပထမဆုံး တုံ့ပြန်သူက အစားထိုးရူပ ဗေဒဆရာဖြစ်ပြီး သူကပြောလိုက်သည်။
"သူမက အရင်က အဆင့်တွေဆိုးခဲ့တာလား။ ဒါဆို သူမ ကူးချခဲ့တာများလား။ စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ခဲ့တဲ့ သူတွေဟာကို ရှာပြီး စစ်ဆေးကြည့်ရအောင်။
"ဟုတ်တယ် ဟုတ်တယ် "
ဓာတုဆရာက လန့်ဖျပ်မှုကနေ စိတ်သက်သာရကာ အဖြေလွှာတွေအား စတင်ရှာဖွေတော့၏။
"ရန်ကျီအန်းက ၉၃ မှတ်ရတယ် ဒါပေမဲ့ ကျုံးယို့ယို့ကတော့ ၉၈ မှတ်ရခဲ့တယ် ဒါကတကယ်ကိုမကြားဖူးဘူး ။ သူမက စာမေးပွဲမှာ ၁၈မှတ်ရတယ်ဆိုရင်တောင် ယုံဦးမယ် အခုတော့ ၉၈ တဲ့လား ကြောက်စရာကောင်းလွန်းလို့ သေတော့မှာပဲ..."
တခြားသူတွေ၏ ကျုံးယို့ယို့သည် ကူးချခဲ့သည် ပြောကြခြင်းကို ကြားရသည့်အခါ လီသုန်းဖျင်က သူ၏ကျောကို ဖြောင့်တန်းလိုက်ပြီး သူရဲ့နွားပေါက်ကလေး ကျုံးယို့ယို့ ကို ကာကွယ်လိုက်သည်။
"အီးရှူလိုက် သူမက ဘယ်သူဆီက ကူးချရမှာလဲ ဘာသာရပ်တိုင်း၏အမှတ်အားလုံးမှာ ရန်ကျီအန်း သူမထက်တောင်မှနည်းနေတာ "
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊