Chapter 14
မာမားကျုံးသည် မုန့်ရှစ်ရွှမ်၏ အခန်းထဲမှ ထွက်လာခဲ့ပြီး ကော်ရစ်တာသို့လျှောက်လာခဲ့သည် ။ အဆုံးတွင်တော့ မနေနိုင်တော့ဘဲယို့ယို့ အခန်းသို့လျှောက်သွားခဲ့ကာ အခန်းတံခါးတွင် သူမ၏ နားအားကပ်ထားခဲ့ပြီး အခန်းအတွင်းမှ လှုပ်ရှားမှုများကို နားထောင်နေခဲ့သည် ။
အခန်းထဲတွင် မည်သည့်လှုပ်ရှားမှုမှ ရှိနေပေ ။ ယို့ယို့ အိပ်ပျော်သွားလောက်ပြီ ဖြစ်မည်။
ဤသည်ကို ပါပါးကျုံးတွေ့သွားသောအခါ သူမထံသို့လျှောက်သွားလိုက်ပြီး သူမအား စိတ်သက်သာရာရစေခဲ့သည်။
"အဆင်ပြေသွားမှာပါ ။ မိဘနဲ့ သားသမီး ဘယ်မှာကြာကြာ မုန်းတီးနေနိုင်ပါ့မလဲ ။ ဒီညအရင်ဆုံး အိပ်ယာဝင်လိုက်တော့ ။ မနက်ဖြန်ကျမှ ယို့ယို့ ပစ္စည်းတွေကို တောင်ဘက်က အိပ်ခန်းမှာ သွားရွှေ့ပေးထားပြီး သူမကိုအံ့သြသွားအောင်လုပ်လိုက်ပေါ့ ။ ပြီးမှ သူမနဲ့ စကားကောင်းကောင်းပြောကြည့်"
မာမားကျုံးက အသက်ဝဝရှူလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည် ။
ဟုတ်တယ် ၊ သူမက မုန့်ရှစ်ရွှမ်းရဲ့ ကြမ်းပြင်ကနေ မျက်နှာက်ကြက်ထိ ပြတင်းတံခါးအပြည့်နဲ့ အခန်းကို ကြည့်ပြီး မနာလိုဖြစ်ခဲ့ရတာ။ မနက် ထိုအခန်းကျယ်ကြီးကသာ သူမနှင့် သက်ဆိုင်သွားပြီဆိုတာကို သိလျှင် သူမ သေချာပေါက်ကို ပျော်ရွှင်သွားလိမ့်မည် ။
"မနက်ဖြန် ကျွန်မလက်ဝတ်ရတနာဆိုင်ကိုသွားပြီး သူမအတွက် တစ်ခုခုဝယ်ပေးလိုက်မယ် "
မာမားကျုံးက ခဏစဥ်းစားပြီးနောက် ဆက်ပြောလိုက်သည်
" ကျွန်မဒီလောက် နှစ်တွေကြာတဲ့ထိ ယို့ယို့ကို လက်ဆောင်တစ်ခါမှ မပေးဘူးသေးဘူး ။မကြာခင်မှာ သူမရဲ့ မွေးနေ့ကို ရောက်တော့မယ် ။သူမအကြိုက်ဆုံးဖြစ်စေမယ့် လက်ဆောင်ကို ကျွန်မပြင်ဆင်ထားရမယ် "
ပါပါးကျုံးက သူ့ကို ပွေ့ဖက်ထားလိုက်ပြီး ပြန်ပြောခဲ့သည်
" သူမမွေးနေ့အထိ ဘာလို့စောင့်နေမှာလဲ ။မနက်ဖြန်ပဲ သူမအတွက် တစ်ခုခုဝယ်ပေးလိုက်ပြီးတော့ သူမမွေးနေ့ကျရင် ပါတီပွဲတစ်ခုစီစဥ်ပေးလိုက်တာပေါ့ ။ ဒီအခွင့်အရေးကိုဆုပ်ကိုင်ပြီး သူမရဲ့ ဘဝအမှန်ကိုလည်း တစ်ခါတည်း အခြားမိသားစုတွေပါ အသိပေးလိုက်ကြရအောင်"
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊