Chapter 122 The Scum
January 03, 2024
Chapter 122မုန့်ချန်၏ထောင်ဒဏ်ပြစ်မှုသည် နောက်ဆုံးတွင် အပြီးသတ်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ သတင်းဌာနများနှင့်ကျောင်း၌ ထိုအကြောင်းကို ပြောဆိုနေကြသူများရှိသေးသော်လည်း ယခင်ရှေ့နှစ်ရက်နှင့် နှိုင်းယှဉ်ပါက အတော်လေးလျော့ပါးသွားခဲ့ပြီး ကျုံးယို့ယို့သည် နောက်ဆုံးတွင် လူအုပ်များကို ရှောင်ရှားရန်အတွက် ဦးထုပ်စောင်းဖို့ မလိုချေ။
ဤကိစ္စကို ဖြေရှင်းပြီးသွားခြင်းသည် သူမအတွက် နှလုံးရောဂါကို ကုသနည်း တွေ့သကဲ့သို့ ဖြစ်သည်။
သူမသည် မူလပိုင်ရှင်နှင့် ဆက်စပ်မှုအချို့ရှိသည်ဟု ရေးတေးတေးခံစားရသည်။ မဟုတ်ပါက သူမ၏ ခံစားချက်များသည် တချို့သောအရာများ၌ ပြင်းထန်သည့် အတက်အကျများရှိပြီး သူမသည် သူမ မဟုတ်သကဲ့သို့ ဖြစ်ခဲ့သည်။ ဘာကြောင့် သူမသည် ဤခန္ဓာကိုယ်ထဲသို့ ရောက်လာခဲ့သနည်း။
သို့သော် ထိုအကြောင်း တွေးနေခြင်းက အသုံးမ၀င်ချေ။ ကျုံးယို့ယို့သည် သိပ္ပံပညာဖြင့် ရှင်းပြ၍ မရသည့် ဤကဲ့သို့ ရှုပ်ထွေးသည့်ကိစ္စရပ်များ၌ အချိန်ကုန်ခံမည် မဟုတ်ပေ။
သူမသည် နိုင်ငံတော်အဆင့်ဆီမီးဖိုင်နယ်အတွက် ပြင်ဆင်နေစဉ် ကျုံးရှီယို့ဘက်ခြမ်း၌ သူ၏ ရလဒ်များသည် မကြာခင်က ကိစ္စရပ်များကြောင့် အနည်းငယ် ကျဆင်းခဲ့သည် ။ သူသည် အထက်တန်း ဒုတိယနှစ်၏ လပတ်စာမေးပွဲများ၌ အမြဲတမ်းလိုလို ထိပ်ဆုံး အဆင့် ၃၀အတွင်းတွင် ရှိခဲ့သော်လည်း ယခုအခါ၌ အဆင့် ၈၀ ကျော်အထိ ကျဆင်းသွားခဲ့သည်။
ကျုံးရှီယို့သည် လူတော်များထဲမှ တစ်ယောက်ဖြစ်ပြီး ကျောင်းစာနှင့် အားကစားကို ညီမျှအောင် ထိန်းထားနိုင်ခဲ့သည်။ ကောလိပ်ဘတ်စကတ်ဘောပြိုင်ပွဲ၌ ပါ၀င်ပြီး စာသင်ချိန်အမြောက်အများလွတ်ခဲ့ချိန်ကတောင်မှ သူ၏ အဆင့်များက ယခုအတိုင်းအတာအထိ မကျဆင်းခဲ့ပေ။
စာမေးပွဲ၌ ရမှတ်များ အနည်းငယ်လျော့နည်းခြင်းသာ ဖြစ်ပါက အဆင်ပြေနိုင်သေးသော်လည်း အဓိက ပြဿနာကား စာသင်ချိန်များ၌ စိတ်လွင့်ပြီး အတွေးများနေခြင်းဖြစ်သည်။ သူ၏ဆရာများက နောက်ဆုံးတွင် သူ့အား လျစ်လျူမရှုနိုင်သဖြင့် ဆရာတစ်ယောက်သည် ရုံးခန်းသို့ စကားစမြည်ပြောရန် ခေါ်ယူခဲ့သည်။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊