chapter 117

398 59 0
                                    

Chapter 117 The Scum
December 29, 2023

Chapter 117

သူမက ဘာကြောင့်ဒီလောက်ထိ ကံမကောင်းသည်ကိုနားမလည်နိုင်ပေ။ သူမ၏ ကံကောင်းမှုအားလုံးသည် လွန်ခဲ့သည့် ၁၈နှစ်က ကလေးလဲလိုက်ပြီးနောက် ကုန်သွားသည့်ပုံပင်။ သူမ၏သမီးကို ချမ်းသာသောမိသားစုသို့ အောင်မြင်စွာပို့နိုင်ခဲ့သော်လည်းထိုအချိန်မှစ၍ သူမဘဝသည် ပျက်စီးတော့သည်။

သူမက ယခုတွင် ကျုံးယို့ယို့ကို အလွန်မုန်းကာ သူမ၏လူသားမဆန်လှသော မျက်နှာကို ကုတ်ဖဲ့ပစ်ရန် မစောင့်နိုင်တော့ချေ။ ၎င်းက လူသားတစ်ယောက်၏မျက်နှာမဟုတ်ဘဲ  သွေးအေးရက်စက်သည့် မကောင်းဆိုးဝါးတစ်ကောင်၏ မျက်နှာပင်ဖြစ်သည်။

သူမနောက်မှ လူငယ်သည်လည်း ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်ရှိပြီး ထိုအတွဲသည် ရက်စက်ကြမ်းကြုတ်လေသည်။

“ကျုံးယို့ယို့ နင်ဘာလုပ်ချင်တာလဲ” မုန့်ချန်က တုန်လှုပ်စွာမေးလိုက်သည်။

ကျုံးယို့ယို့က လှောင်ပြုံးလေးပြုံးလိုက်ကာ “ကျွန်မကမှရှင့်ကိုမေးရမှာ ရှင်ဘာလုပ်ချင်နေတာလဲ ဒီရုပ်သံဌာနကို ဘာလာလုပ်တာလဲ အမည်းကိုအဖြူဖြစ်အောင်ပြောင်းချင်နေပြီး ကျွန်မအပေါ်ကို ရေဆိုးရေညစ်တွေ လောင်းချဖို့ကြံနေတာ မုန့်ချန် ရှင်လူမှဟုတ်သေးရဲ့လား”

သူမ၏အရှိန်အဝါနှင့် စကားအနည်းငယ်က မုန့်ချန်ကို ကြောက်လန့်စေပြီး အခုချက်ချင်းပင် ထွက်ပြေးချင်မိသည်။

မုန့်ချန်က အခွင့်ကောင်းယူကာ တံခါးဆီသို့ပြေးလိုက်၏။ သို့သော် ကိုယ်ရံတော်တစ်ယောက်က သူမကို လျင်မြန်စွာ ဖမ်းချုပ်ထားလိုက်ပြီး ဒူးထောက်စေလိုက်သည်။

မုန့်ချန်က ကိုယ်ရံတော်၏ လက်မောင်းမှ သွေးကြောတို့ပေါက်ထွက်သည်ထိ လက်သည်းများနှင့် ကုတ်ဆွဲလိုက်သော်လည်း ကိုယ်ရံတော်ကသေချာလေ့ကျင့်ထားသည့်သူဖြစ်ရာ သူကမျက်မှောင်ကြုတ်၍ တစ်ချက်မှမလှုပ်ခဲ့ပေ။

“ကြည့်ကြပါ... ဒါက ကျွန်မရဲ့မွေးစားအမေပဲ” ကျုံးယို့ယို့က သရော်လိုက်သည်။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now