Chapter 78 The Scum
December 18, 2023
Chapter 78နှစ်စဉ်နှစ်တိုင်း မြို့နယ်ထိပ်တန်းဆယ်ယောက်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ဘောနပ်စ်အမှတ်ငါးမှတ်ရရုံသာမက ပညာရေးဝန်ကြီးဌာန၊ ပြိုင်ပွဲအဖွဲ့အစည်းများနှင့် ဒေသန္တရအစိုးရဆီမှ ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုခြင်းခံရမည်ဖြစ်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲသည် ပျဉ်တစ်ချပ်သာခင်းထားသည့် တံတားကို ဖြတ်သန်းရသလိုမျိုး ခက်ခဲပြီး ဖြေဆိုသူကျောင်းသားထောင်ပေါင်းများစွာရှိ၍ ထိုအမှတ်ငါးမှတ်သည် ပါးလွှလွှလေထုထဲမှ ပေါင်းထည့်ရသလိုပင်။ ဤနှစ်တွင် ပြည်နယ်က လူဘယ်နှစ်ယောက် လက်ခံမည်မသိရချေ။ လူတိုင်းသည် မနာလိုကြသော်လည်း အသုံးမဝင်ပေ။ မြို့နယ်ထိပ်တန်းဆယ်ယောက်ထဲ သာမန်လူတွေ ဝင်နိုင်မည်လား။
ယခုအကြိမ် မင်းသယ်ကျောင်းမှ စုစုပေါင်း သုံးဦးသည် မြို့နယ်ထိပ်တန်းဆယ်ယောက်ထဲသို့ ဝင်ရောက်ခဲ့ပြီး လူ ၂၉ ဦးသည် မြို့နယ်ထိပ်တန်း အယောက် ၁၀၀ ထဲသို့ ဝင်ရောက်ခဲ့ကာ ရေတွက်ကြည့်လျှင် ယခင်နှစ်များမှ အမှတ်(၁၃) အလယ်တန်းကျောင်းထက်ပင် ပိုမိုများပြားခဲ့သည်။ ကျောင်းတစ်ကျောင်းလုံး ကောင်းကောင်းဖြေဆိုနိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။
ကျုံးယို့ယို့၏ ရလဒ်များကြောင့် အံ့အားသင့်ခဲ့ရသည့်အပြင် တတိယနှစ်များ ပါ၀င်ယှဉ်ပြိုင်ကြသည့်ပြိုင်ပွဲတွင် ရရှိအောင်မြင်ခဲ့သော ရလဒ်ကောင်းများကြောင့် တတိယနှစ်ရှိ ဆရာများသည်လည်း အလွန့်အလွန်ပျော်ရွှင်ခဲ့ကြသည်။
ထိုနေ့မွန်းလွဲပိုင်းတွင် သင်ကြားရေးဌာနမှူးက ပြိုင်ပွဲတွင် အထူးကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ ရလဒ်များနှင့် ဓာတ်ပုံများကို ပျော်ရွှင်စွာဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ယခင်က အစဉ်အလာအရ နာမည်နှင့် ဓာတ်ပုံများကို ကျောင်းဂိတ်တံခါးအပြင်ဘက်ရှိ ဂုဏ်ပြုဆောင်းပါးကဏ္ဍတွင် တင်ထားသည်။ ပျူငှာမှုကိုပြသရန်အတွက် ထိုဆောင်းပါးကို သူကိုယ်တိုင်တင်ခဲ့တာဖြစ်ပြီး ဆရာမနှစ်ယောက်ကို အကူအညီတောင်း၍ ကျောင်းဂိတ်တံခါးမှာကပ်ထားရန် ညွှန်ကြားခဲ့၏။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊