Chapter 41 The Scum
December 05, 2023
Chapter 41' သူမအတွက်ကရော ဘယ်မှာလဲ။
သူမမွေးနေ့က ကျုံးယို့ယို့ရဲ့ မွေးနေ့ဖြစ်လာတော့မှာလား '
မုန့်ရှစ်ရွှမ်သည် ခေါင်းအစခြေအဆုံး ရေအေးဖြင့် ပက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမခန္ဓာကိုယ်သည်လည်း ရေခဲထဲသို့ ကျရောက်သွားသည့်အလား။ သူမ၏အိမ်မက်ဆိုးတွေ ဖြစ်လာခဲ့ပြီဖြစ်သည်။ ကျူံးမိသားစု၏ အပြုအမူတွေ ပြောင်းလဲသွားကတည်းက သူမ ကျုံးရှီယို့ ကျေနပ်စေဖို့ ဂိမ်းစက်များပေးကာ အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ သို့သော် သူတို့၏ သဘောထားများ မပြောင်းလဲလာခဲ့ပါ။
ထိုအချိန်မှာပဲ သူမအတိုင်းအတာတစ်ခုထိ နားလည်သဘောပေါက်သွားခဲ့သည်။ကျုံးမိသားစု၏ နှလုံးသားထဲက သူမနေရာသည် ကျုံးယို့ယို့ဖြင့် အစားထိုးခံလိုက်ရပြီဖြစ်သည်။
ထိုသို့ဆိုပါကဆို တကယ့် အဆင့်အတန်းကဘာဖြစ်သနည်း။ ကျုံးမိသားစု၏ သမီးလေးဂုဏ်က ကျုံးယို့ယို့နှင့် အစားထိုးခံရတော့မှာလား။
ယင်ချူးချူးသည် ပစ္စည်းတွေကိုထုပ်ပိုးကာ ထွက်လာခဲ့သည်။ မုန့်ရှစ်ရွှမ်က တံခါး၌ ရပ်နေသေးသည်ကို တွေ့သော် မေးလိုက်သည်။
" ဘာဖြစ်တာလဲ ရှစ်ရွှမ် ဘယ်နေရာကအဆင်မပြေဖြစ်လို့လဲ "
မုန့်ရှစ်ရွှမ်သည် တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေခဲ့သည်။
သူမက နှုတ်ခမ်းတွေကို ကိုက်ကာ ယင်ချူးချူးကို ကြည့်ဖို့ ဦးခေါင်းကိုမော့လိုက်သည်။ ယင်ချူးချူးသည် သူမမျက်လုံးထဲမှ မုန့်ရှစ်ရွှမ်၏ ခါတိုင်းလိုမျိုး သိမ်မွေ့သည့် အကြည့်နဲ့မတူသောကြောင့် လန့်သွားခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ခါးသီးမုန်းတီးမှုက ရှိနေသည်။
" ငါအဆင်ပြေပါတယ် နင်အရင်သွားနှင့်လေ ငါလုပ်စရာလေးရှိသေးတယ်"
မုန့်ရှစ်ရွှမ်သည် လှည့်ထွက်သွားခဲ့ပြီး သူမနှုတ်ခမ်းတွေကို သွေးထွက်လုမတတ် ကိုက်ထားခဲ့သည်။
သူမက သစ်ပင်အရိပ်ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး ယင်ချူးချူး လိုက်မလာသည်ကို သေချာအောင်ကြည့်လိုက်သည်။ သူမက တုန်ယင်နေသည့် လက်ချောင်းများဖြင့် ဖုန်းလိပ်စာများကို ဖွင့်ကာ ဖုန်းနံပါတ်တစ်ခုကို ရှာခဲ့သည်။ ဖုန်းနံပါတ်ပိုင်ရှင်သည် ကျုံးယို့ယို့ကဲ့သို့ အိမ်မက်ဆိုးတစ်ခုဖြစ်၏။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊