Chapter 88 The Scum
December 21, 2023
Chapter 88ကျုံးယို့ယို့ အိမ်သို့ ပြန်လာခဲ့သည်။
ပုံမှန်ကဲ့သို့ ရေမြန်မြန်ချိုးလိုက်ပြီး သူမ၏ ကွန်ပျူတာရှေ့ထိုင်ကာ လုပ်စရာရှိသည်များကို စတင်သည်။
ပြိုင်ပွဲနောက်ဆုံးရက်၏ ရှေ့တစ်ရက်ဖြစ်ကာ ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်လာနေသည်။
ဒီအချိန်၌ ပါ၀င်ယှဉ်ပြိုင်သူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးက လက်လျော့ကုန်ကြပြီးဖြစ်သည့်အတွက်ကြောင့် ဤအချိန်၌ လူဦးရေ ထောင်ဂဏန်းလောက်သာ ကျန်ရှိတော့သည်။ သူတို့၏ ဦးနှာက်တွေကို ခုတ်ထစ်ကာ လူဆယ်ယောက်အဖြစ် ပွားလိုက်လျှင်တောင် မြို့နယ်ထဲက ထိပ်ဆုံး ဆယ်ဦးထဲ နှစ်ရက်အတွင်း ၀င်ဖို့က မဖြစ်နိုင်ပေ။
ရလဒ်အနေနဲ့ ၉၀ရာခိုင်နှုန်း သော သူတွေက လက်လျော့ခဲ့ကြပြီး မေးခွန်းတွေဖြေဆိုခြင်းကို ရပ်တန်ခဲ့ကြသည်။ ထို့ကြောင့် အဆင့်ဇယားထိပ်ဆုံးမှသူများနှင့် သူတို့၏ ကွာခြားမှုက ပိုပိုကြီးမားလာခဲ့သည်။ ပမာဏက ကြောက်စရာကောင်းလောက်အောင်ပင်။
ဖိုရမ်ထဲ၌ သိသာစွာပဲ လူတွေပိုပိုပြီး ဆွေးနွေးဝိုင်းထဲ ၀င်ရောက်လာခဲ့ကြသည်။
" အဲ့ဒါက ခက်ခဲတယ် ၊ ငါတော့ လေးရက်မြောက်နေ့မှာပဲ လက်လျော့လိုက်တာ ငါ့ဦးနှောက်ကတော့ ယင်တစ်ကောင်၀င်သွားသလိုပဲ တဝီဝီမြည်နေတော့တာပဲ ။ ရှေ့ဆုံးကသူတွေ ဒါကိုဘယ်လိုတောင်ခံနိုင်လဲ တကယ်မသိတော့ဘူး။ သူတို့အားလုံးမှာ 'ဟွလော့ကွန်း'လို ဦးနှောက်တွေ ရှိနေကြတာလား"
[ Huáluōgēng = တရုတ်သင်္ချာပညာရှင်]
" အထူးသဖြင့် ပထမနေရာကသူ ၊သူ့ရဲ့ မေးခွန်းအရေအတွက်တွေနဲ့ အမှတ်တွေက ဆယ်နေရာမြောက်က သူ ထက် ၇ ဆတောင် ရှိနေပြီ ဒါက တကယ်ကို မယုံကြည်နိုင်စရာကောင်းလောက်တဲ့ လုပ်ဆောင်ချက်မျိုးပဲ "
ရွှီရှောင်ယွဲ့သည်လည်း ထိုပို့စ်များထဲက ပထမနတ်ဘုရားအကြောင်း ပြောထားသည်များကို တွေ့ခဲ့သည်။ နတ်ဘုရားက သူမကို လျစ်လျူရှုထားသော်လည်း သူမကတော့ ဒီရက်ပိုင်း မမောနိုင်မပန်းနိုင်စွာဖြင့် နတ်ဘုရားဆီသို့ စာတိုများကို ပို့နေဆဲဖြစ်သည်။ သူမသည် ထိုအရာကို အရမ်းစွဲလမ်းလာနေပြီး ကြယ်ပွင့်တွေနောက်လိုက်သည့် ပရိသတ်လေးကဲ့သို့ ဖြစ်လာနေပြီဟူ၍ သူမကိုယ်သူမ ခံစားမိနေသည်။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊