Chapter 91 The Scum
December 25, 2023
Chapter 91နံပါတ်တစ်ကို ကင်မရာချိန်ထားသည့် ကြာချိန်သည် ကျန်သူတွေအားလုံး၏ စုစုပေါင်းနီးပါးလောက် ရှိသည်ကို သူမသတိထားမိခဲ့သည်။ နံပါတ်တစ်နှင့် အတူရှိနေသရွေ့ screen time မရှိမည်ကို လုံး၀ စိတ်ပူစရာမလိုအပ်ချေ။
သို့သော် သူမ မျှော်လင့်မထားသည်က ပထမရသည့် မိန်းကလေး၏ သူမတူထူးခြားသည့် အကျင့်စရိုက်၊ စိတ်သဘောထားဖြစ်သည်။
ခေါင်းဆောင်းကို ၀တ်ဆင်ထားပါသော်လည်း မုန့်ရှစ်ရွှမ်သည် ထိုအမွှေးဖွာရက်ကွန်း၏ မျက်လုံးများထဲမှ သူမကို စိတ်မ၀င်စားသည့်် အကြည့်ကို ခံစားနိုင်သကဲ့သို့ ရှိသည်။
"ပြိုင်ပွဲ၀င် ဆယ်ယောက်မှာ မိန်းကလေးသုံးယောက်ရှိတယ်မလား ။ ဘာလို့ အချင်းချင်း မကူညီဘဲ နေကြမှာလဲ "
ထိုကဲ့သို့ ပြောပြီးသည့်နောက် 'ရောင်စုံကွက်' သည် သူမ၏ရှေ့မှ စားပွဲခုံကို မကာ သူမတို့အား ထားပစ်ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူတိုင်း
"...…"
' သေစမ်း ၊ ဒီခွန်အားကြီးက...တကယ်ပဲမိန်းကလေးဟုတ်ရဲ့လား '
" ဟားဟားဟား ဘော့စ်က အရမ်းသန်မာတာပဲ သာမန်မိန်းကလေးတစ်ယောက်မဟုတ်ဘူးပဲ ။
မုန့်ရှစ်ရွှမ်သည် ကင်မရာကို ကျောပေးထားပြီး သူမမျက်နှာသည် တောင့်တင်းနေသည်။ သို့သော် သူမမျက်နှာကို ကင်မရာဆီသို့ လှည့်လိုက်သည့်အခါ၌ ပုံမှန်ပြန်ဖြစ်သွားပြီး ခါတိုင်းကဲ့သို့ သိမ်မွေ့ ငြိမ်သက်နေဆဲအခြေအနေ ပြန်ဖြစ်သွားသည်။
သူမက ပြုံးလိုက်ပြီး ပုံမှန်ကဲ့သို့ပင် အဆင့် ခြောက် မိန်းကလေးဆီသို့ လျှောက်
လှမ်းသွားပြီး " အတူသွားကြရအောင် "
ဤမိန်းကလေး၌ ပိန်ပါးသည့် လက်မောင်းနှင့် ခြေထောက်များ ရှိ၏။ သူမဟာ ပေါင် ၇၀ ကျော်ရုံလောက်သာ ရှိမည့်ပုံပေါ်ပြီး သူမဘာသာ မည်သည်ကိုမျှ ရွှေ့နိုင်မည့်ပုံမပေါ်ချေ။ ထို့ကြောင့် ထင်ထားသကဲ့သို့ သူမက အင်း ဖြေလာခဲ့သည်။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊