ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်

1.3K 123 0
                                    

Chapter 52 The Scum
December 09, 2023
Chapter 52

ဤဖြစ်ရပ်သည် သတင်းမီဒီယာများ၊ ချမ်းသာသည့် အနုပညာရှင် အသိုက်အဝန်းများ၊ ကျောင်းများနှင့် များစွာသော နေရာများတွင် ပြန့်နှံ့နေတော့သည်။ ချမ်းသာတဲ့မိသားစုများတွင် အဓိပ္ပာယ်မရှိသော အဖြစ်အပျက်များ ဖြစ်တတ်ကြသော်လည်း ဤတစ်ခုတော့မရှိဖူးပေ။

ကျုံးမိသားစုက ၁၈နှစ်ကြာအောင် သမီးအတုနဲ့နေနေခဲ့တာပေါ့? ကံမကောင်းလွန်းတာမဟုတ်ဘူးလား? ကံမကောင်းချက်က လူတွေပင်ရယ်ချင်စရာ။ ပိုက်ဆံတွေအများကြီးကို ဘယ်မှာသုံးခဲ့တာလဲ? ပုံအောနေတဲ့ ချမ်းသာကြွယ်ဝမှုတွေကို တခြားလူတွေရဲ့ သားသမီးတွေရဲ့ လက်ထပ်ဝတ်စုံတွေအပေါ်မှာသုံးခဲ့ရသည်ပင်။ အခုတော့ ကျုံးမိသားစု ဘယ်လိုခံစားနေရမလဲမသိ။ သေလောက်အောင်ကြောက်နေလောက်လား?

လူတွေအားလုံးက ထိတ်လန့်နေကြပြီးနောက်မှာ စတင်တွေးတောလာကြတော့သည်။

အခု တကယ့်မင်းသမီးလေးပေါ်လာပြီဆိုတော့ အတုက ဘယ်ကိုသွားသင့်လဲ? ဟုတ်တယ် ကျုံးရှစ်ရွှမ်... ဒါမှမဟုတ် ကျုံးမျိုးရိုးမှာ ဆက်ရှိနေဖို့မသေချာတော့တဲ့ “ကျုံးရှစ်ရွှမ်”က အခုထိ မွေးနေ့ပွဲမှာ ပေါ်မလာသေးတဲ့ပုံပဲ။ အခုလို အရေးကြီးတဲ့အခြေအနေမှာ သူမက ဘာလို့ပေါ်မလာရတာလဲ?

မုန့်ရှစ်ရွှမ်ကဘာကြောင့် ပေါ်မလာချင်ရတာလဲ? ကျုံးမာမားသည် သူမကို မွေးနေ့ပွဲက ညနေခြောက်နာရီမှ စတင်မည်ဟု ပြောထားသော်လည်း ထိုမွေးနေ့ကိုဆင်နွှဲရန် ကျုံးမိသားစုသည် ကျုံးယို့ယို့အား မနက်ခင်းထဲက လာကြိုသွားခဲ့ချိန်မှာပင် သူမသည် အလှည့်စားခံလိုက်ရကြောင်း သိလိုက်သည်။ သူမသည် ကျောင်းတွင် ရုတ်ရုတ်သဲသဲဖြစ်နေသော သတင်းတို့ကိုမကြားရသေးခင်မှာပင် တစ်ခုခုဖြစ်တော့မည်ဆိုတာသိနေခဲ့သည်။

သူမသည် မိုဘိုင်းစာမျက်နှာကိုပင်ဖွင့်မကြည့်ရဲဖြစ်နေကာ သန့်စင်ခန်းထဲတွင် ပုန်းနေရင်း နှုတ်ခမ်းတို့ကို ကိုက်ထားပြီး တုန်ယင်နေခဲ့သည်။

“မဟုတ်ဘူး... မဖြစ်နိုင်ဘူး” သူမက မိုဘိုင်းစာမျက်နှာကိုဖွင့်လိုက်ချင်းချင်းပင် ကျုံးပါပါးအမှန်တရားကို ကြေညာပြီးသည်မှာ တစ်နာရီပင် ရှိသေးသော်လည်း သတင်းတို့က ချက်ချင်းပင် ထိတ်လန့်ဖွယ်ရာ ပြန့်နှံ့နေပြီဖြစ်ကြောင်းမြင်လိုက်ရသည်။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now