Chapter 112 The Scum
December 29, 2023Chapter 112
ချင်းယောင် ဖုန်းချတော့မည်ကို သတိထားမိသဖြင့် ကျုံးရှီယို့က လျင်မြန်စွာပြောလိုက်၏။
“ ယောက်ဖ..နေပါဦး။ ကျွန်တော်ပြောစရာရှိသေးတယ်။”
ချင်းယောင် : “ဘာလဲ”
ကျုံးရှီယို့က အမှားလုပ်မိလိုက်သော်လည်း ထိုအမှားက အမှန်တကယ်တွင် ကောင်းချီးပင်ဖြစ်ကာ သူ့ကို ချင်းယောင်နှင့် အဆက်အသွယ်ရစေခဲ့၏။ ထိုအချိန်တွင် သူကအကြံတစ်ခုပေါ်လာသည်။
အနာဂတ်ယောက်ဖလောင်းလေးကို စိတ်ကျေနပ်အောင် ဘယ်ကားအမျိုးအစားဝယ်ပေးရမလဲ။ ဒါပေမယ့် ချင်းယောင်က ဘာကိုမှ စိတ်ဝင်စားပုံမပေါ်ဘူး။ သူက သေချာပေါက် ကလေးဆန်တဲ့အရာတွေကို စိတ်မဝင်စားလောက်ဘူး။
ဒါဆို ချင်းယောင်ကဘာကိုစိတ်ဝင်စားတာလဲ။ သေချာပေါက် သူ့အစ်မကိုပဲပေါ့။
ကျုံးရှီယို့က ချက်ချင်းပင် သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု တွေးလိုက်ကာ ကျုံးယို့ယို့ကို ထုတ်သုံးလိုက်၏။
“ ယောက်ဖ ကျွန်တော့်မှာ အစ်မရဲ့ အရင်တုန်းက ဓာတ်ပုံတွေရှိတယ်... ယူချင်လား”
ကျုံးယို့ယို့ပြောင်းသွားခဲ့စဥ်က သူမပစ္စည်းတွေအကုန်နီးပါးယူသွားသော်လည်း အိမ်တွင် ကျန်ခဲ့သည်များလဲရှိသည်။ ဥပမာအနေနှင့် ကျုံးပါပါးနှင့် ကျုံးမာမား၏ မဂ်လာနှစ်ပတ်လည်နေ့တွင် သူတို့က မိသားစုလိုက် ဓာတ်ပုံရိုက်ခဲ့၏။ ချင်းယောင်က ထိုပုံတို့ကို တစ်ခါမှမမြင်ဖူးသည်ဖြစ်ရာ ကျုံးရှီယို့က ထိုဓာတ်ပုံတို့ကို အသုံးချနိုင်သည်။
ချင်းယောင်က ချက်ချင်းပင် လက်ခံလာခဲ့၏။ “ ကောင်းပြီ... ငါ့ဆီအကုန်ယူလာခဲ့။”
ကျုံးရှီယို့ : “…”
ကျုံးရှီယို့က သူ၏အနာဂတ်ယောက်ဖလောင်းသည် လောင်စာမပြည့်ဝနေသော မီးအိမ်နှင့်တူသည်ဟု တွေးလိုက်ပြီး ချင်းယောင်၏ အမြင်ကောင်းများရရှိရန် ဆက်ပြောလိုက်သည်။ “ စကားမစပ်... ကျွန်တော့်အစ်မက အရင်က ဘာလို့ရှစ်ကျစ်ထန်ကို ကြိုက်ခဲ့လဲဆိုတာ ယောက်ဖသိလာအောင် ကျွန်တော်ကူပေးလို့ရတယ်။”
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊