Chapter 97 The Scum
December 26, 2023Chapter 97
' ကျုံးယို့ယို့က ပြည်နယ်ရဲ့ အဆင့်တစ် နတ်ဘုရားကို သိတာတောင် အတန်းထဲက ဘယ်သူ့ကိုမှ မပြောပြဘူး မနက်ကျ တွေ့ကြသေးတာပေါ့ '
*
ကျုံးယို့ယို့က Chat roomကို ပိတ်လိုက်ပြီး QYXLPအကောင့်ထဲသို့ အလွန်အေးဆေးစွာဖြင့် ၀င်ရောက်လိုက်သည်။ သူမက ပို့စ်ကိုဖွင့်လိုက်ပြီး ထိုကိစ္စက အရမ်းလူပြောများနေခဲ့သည်။
ပို့စ်တင်သူက ပြဿနာဖြစ်မှာကို မကြောက်ဘဲ တခြားသူတွေကို စာပြန်နေခဲ့ပြီး ကောမန့်များက လျင်မြန်စွာ တိုးပွားနေလျက်ရှိသည်။ စကားလုံးများက ဒေါသများနှင့် ပြည့်နေပြီး သူမသူငယ်ချင်း၏ ကောင်လေးက တကယ် မြူဆွယ်ခံခဲ့ရသလိုပင်။
ကျုံးယို့ယို့က တခြားကြိမ်းမောင်းပုတ်ခတ်နေသူများကို လျစ်လျူရှုလိုက်ပြီး သူမ၏ အဓိက အကောင့်ဖြစ်သည့် အဆင့်တစ်အကောင့်ကို တိုက်ရိုက်အသုံးပြုရင်း စာတစ်ကြောင်းဖြင့် အကြောင်းပြန်ခဲ့သည်။
" ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၄၆အရ သတင်းအမှားတွေ ဖြန့်ဖြူးခြင်းက ပမာဏ ၅၀၀ ကို ကျော်လွန်ရင် ပြစ်မှုကျူးလွန်တယ်ဖြစ်သွားတယ် ။ ဆက်လက် ရန်စပြီး ပြဿနာတွေ ဖြစ်ပွားစေမယ်ဆိုရင် ပြင်းထန်တဲ့ ပြစ်မှုအဖြစ် သတ်မှတ်နိုင်တယ် ။ နင် ဆက်ပြီးလုပ်ရဲလား "
ဤစာတို ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် အလွန်တက်ကြွနေခဲ့သည့် ဖိုရမ်က ရပ်တန်သွားခဲ့သည်။
' ပို့စ်ပိုင်ရှင်ရဲ့ အကောင့်နာမည်က သူတို့ ဖတ်လိုက်တာ မှန်တယ်မလား။ အဲ့ဒါက နတ်ဘုရား နံပါတ်တစ်ပဲ ။ ဟုတ်တယ်။ ဝေါင်း ပို့စ်ပိုင်ရှင်က နတ်ဘုရားကို ထွက်လာအောင် တကယ်လုပ်နိုင်ခဲ့တာပဲ '
ဖိုရမ်က တဖြည်းဖြည်း ဆူပွက်လာသည်။
' ဖာ့ခ် ၊ ကိစ္စကြီးပဲ လာပြီးကြည့်ကြအုံး'
ချက်ချင်းပင် လူအများကြီး တဟုန်ထိုး အပြေးအလွှား ဖိုရမ်ထဲသို့ ရောက်လာခဲ့ကြပြီး မူလပို့စ်တင်သူနှင့် နတ်ဘုရား QYXLP ကြားက ထိပ်တိုက်ရင်ဆိုင်ပွဲကို တွေ့မြင်လိုနေကြ၏ ။ ဤသည်က ပြင်းထန်သည့် တိုက်ပွဲတစ်ခုပင်။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊