chapter 123

374 48 0
                                    

Chapter 123 The Scum
January 03, 2024

Chapter 123

ကျုံးယို့ယို့ အံ့အားသင့်သွားခဲ့သည်။

ကျုံးရှီယို့သည် စိတ်တိုလွယ်သည့်သူဖြစ်သော်လည်း ကျုံးမိသားစု၌  စည်းကမ်းကြီးစွာ သင်ကြားပေးခံခဲ့ရပြီး လွယ်လွယ်ကူကူ ရန်ဖြစ်မည့် လူမျိုး မဟုတ်ချေ။ ရန်ပွဲ၌ပါ၀င်ခဲ့လျှင် ကျုံးပါပါးသည် သေချာပေါက် သူ‌၏ခြေလက်များကို ဖယ်ရှားပစ်လိမ့်မည်။ မည်သည့်အရာက ကျုံးရှီယို့ကို ‌ဒေါသထွက် စေပြီး ထိုလူသုံးယောက်ကို ဆေးရုံပို့ရသည်အထိ ရိုက်နှက်စေရသနည်း။ ကျုံးယို့ယို့သည် ကျုံးမိသားစုဆီမှ ထွက်ခွာလာခဲ့ပြီးဖြစ်သော်လည်း အကယ်၍ ကျုံးရှီယို့သည်လည်း ဒဏ်ရာရခဲ့ပါက  ထိုင်ကြည့်နေခြင်းက မဖြစ်နိုင်ချေ။

သူမသည် မျက်မှောင်ကြုတ်သွားပြီး ဆရာလီသုန်းဖျင်ဆီသို့ ရှင်းပြရန် ပြန်သွားပြီးသည့်နောက် ကျင်းမင်ဆိုသည့် ဒုတိယနှစ်ကျောင်းသားနှင့်အတူ ဆေးရုံသို့ အလျင်အမြန်လာခဲ့သည်။

လမ်းတစ်လျှောက် ကျင်းမင်သည် ထိုအချိန်က  အခြေအနေပြင်းထန်ပုံကို သူမအား ပြောပြခဲ့ပြီး သူမသည် နားထောင်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ကျုံးရှီယို့သည် အထက်တန်းဒုတိယနှစ် ပြိုင်ပွဲဆိုင်ရာအတန်းမှ ဖြစ်ပြီး ထိုအတန်းမှ‌ ကျောင်းသားအများစုသည် စာလေ့လာခြင်း၌သာ အာရုံစူးစိုက်ကြပြီး မလိုအပ်သည့် ပြင်ပကိစ္စရပ်များ၌ ပါ၀င်ကြမည်မဟုတ်ဘဲ အားလပ်ချိန်၌  ဆရာများကလည်း ထိုနေရာများကို ကင်းလှည့်မည်မဟုတ်ချေ။ ထိုအရာက ကျုံးရှီယို့ ထိုသူတို့ သုံးယောက်နှင့် ခိုက်ရန်ဖြစ်ပွားကာ အလဲထိုးခဲ့သော်လည်း ကျောင်းသားများကသာ ၀င်ဆွဲ၍ ဆရာများ အချိန်မီ ရောက်မလာရသည့် အကြောင်းအရင်းဖြစ်သည်။

ဤအရာက ပညာရေးဆိုင်ရာဌာနမှူးသည် လူအုပ်ကြီးကို တွန်းဖယ်ကာ ထိုးဖောက်၀င်ရန် ဖြစ်စေခဲ့ပြီး အလွန်နောက်ကျသွား‌ခဲ့သည်။ အတန်းသားတစ်ယောက်သည်   နှာခေါင်းရိုး ကျိုးသည်အထိ အထိုးခံထားရပြီး နေရာတိုင်း၌ သွေးစက်များရှိကာ အလွန်ကြောက်စရာကောင်းလှသည်။

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Where stories live. Discover now