Chapter 57 The Scum
December 11, 2023
Chapter 57ဆေးရုံတွင်ဖြစ်သည်။
ဆေးထိုးအပ်က မိန်းမငယ်လေး၏ ပိန်ပါးလှသော လက်ခုံထဲသို့ ထိုးဝင်နေပြီး ပိုက်ကိုဖြတ်၍ ဂလူးကို့စ်တို့က စီးဝင်နေ၏။ သူမ၏မျက်နှာက ညှိုးနွမ်းနေကာ ပင်ပန်းနေပုံပေါ်သည်။
မွေးနေ့ပွဲကျင်းပသည့် ညက မုန့်ရှစ်ရွှမ်က ကျုံးမာမား၏ရှေ့တွင် သူမကိုယ်တွင်းရှိရေများကုန်သွားလုနီးပါး ငိုခဲ့သောကြောင့် ဆေးရုံပေါ်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။ သူမက နှစ်ရက်ဆက်တိုက်နိုးမလာဘဲ သတိမေ့နေခဲ့သည်။ အဲ့ညက သတင်းထောက်များစွာက သူမနောက်သို့ လိုက်ခဲ့ကြပြီး ဆေးရုံထိတော့လိုက်မလာကြပေ။ သူတို့က သတင်းအချက်အလက်များ ထပ်တူးထုတ်၍ မရတော့သည့်အခါ ဆောင့်အောင့်ကာ ထွက်သွားကြ၏။
“ သူမကစိတ်ဖိစီးမှု လွန်ကဲနေတယ်။ စိတ်အခြေအနေကလဲ သေချာပြန်မကောင်းသေးဘူး။ ပြီးတော့ ခန္ဓာကိုယ်ကလဲ ပင်ပန်းနွမ်းနယ်နေတုန်းပဲ။ အဖျားကျသွားပြီး နောက်ရက်နည်းနည်းနေရင်တော့ သေချာ ဆန်းစစ်ကြည့်လို့ရလိမ့်မယ်။ ဒါပေမယ့်လည်း လူနာရဲ့ စိတ်ပိုင်းဆိုင်ရာက အထိခိုက်မခံနိုင်တဲ့အခြေအနေကို ရောက်နေပြီး ဘာမှဖြစ်မလာနိုင်ဘူးလို့ အသေအချာပြောဖို့ကတော့ ခက်ခဲလိမ့်မယ်။”
“ စိတ်ပိုင်းဆိုင်ရာ အခြေအနေ?”
“ ဟုတ်ပါတယ်... လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လို့ ထင်ပါတယ်။”
“...”
ကျုံးမာမားက ဆရာဝန်ရုံးခန်းထဲမှထွက်လာခဲ့ပြီး အခန်းတံခါးကိုဖွင့်လိုက်ကာ အိပ်ရာပေါ်မှ မိန်းကလေးကို ကြည့်လိုက်သည်။ သူမကို ၁၈နှစ်ကြာအောင် သူမ၏သမီးအဖြစ် ပြုစုပျိုးထောင်ခဲ့၏။ သူမ၏နှလုံးသားသည် ရှုပ်ထွေးနေတော့သည်။
သူမက စိတ်ရှုပ်ထွေးနေပြီး မုန့်ရှစ်ရွှမ်၏ ငိုသံများကို ပြန်ကြားယောင်နေမိသည်။
“ မေမေ... သမီးမှားသွားတာများရှိလို့လား? တကယ်လို့မှားခဲ့တာရှိရင်လည်း သမီးကိုပြောပါ...သမီးပြင်ပါ့မယ်... သမီးအပေါ်ကို လျစ်လျူမရှုလိုက်ပါနဲ့နော်။ မိသားစုထဲမှာရှိတဲ့ လူတွေအကုန်လုံးက သမီးကို သေချာဂရုမစိုက်ကြတော့ဘူး။ သူစိမ်းတစ်ယောက်လိုပဲ သမီးကို လျစ်လျူရှုကြတယ်။ ဘာလို့ ရှီယို့ကတောင် သမီးကို ကောင်းကောင်းမဆက်ဆံလဲဆိုတာ မသိတော့ဘူး၊ သမီးအရမ်းဝမ်းနည်းတာပဲ... ဒါပေမယ့် မပြောရဲခဲ့ဘူး။”
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊