Chapter 6
ကျုံးမိသားစုနှင့်ယှဥ်လျှင် ရှစ်မိသားစုသည်ဒုတိယနေရာတွင်ရှိသော်လည်း ရှစ်မိသားစု၏နောက်ခံသည် အတော်လေးကောင်းမွန်ပြီး မိသားစုနှစ်စုသည် မိတ်ဆွေများဖြစ်ကြသည်။ သူမ မမွေးဖွားသေးခင်ကပင်မိသားစု နှစ်စုသည် ကလေးချင်းစေ့စပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ရှစ်ကျစ်ထန်၏သတို့သမီး လောင်းသည် ကျုံးယို့ယို့ပင်ဖြစ်သည်။
စာမေးပွဲစတင်သည်မှာ ရှစ်မိနစ်ရှိနေပြီဖြစ်သော်လည်း ရှစ်ကျစ်ထန်သည်ဘောပင်ကိုကိုင်ထားကာ သူ၏ မျက်ခုံးများက အနည်းငယ်တွန့်ချိုးနေပြီး သူကိုယ်တိုင်ဘာတွေးနေလဲမသိလောက်အောင် စိတ်တွေလွင့်နေသည်။
မုန့်ရှစ်ရွှမ် မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။
လွန်ခဲ့သည့်နှစ်ရက်တွင် ရှစ်ကျစ်ထန်ဘာဖြစ်နေသည်ကို မုန့်ရှစ်ရွှမ်မသိပေ။ သူ့ကိုစကားပြောသည့်အချိန် တွင် သူကအတွေးတွေနှင့် ပြည့်နေသကဲ့သို့ အမြဲ အာရုံမစိုက်နိုင်ဖြစ်နေခဲ့သည်။ သူ၏မျက်လုံးများက အကြိမ် ပေါင်း များစွာ ထူးဆန်းခြင်း၊ ခါးသီးခြင်း၊ ဒေါသအနည်းငယ်စီနှင့် ကောင်းစွာ ကွယ်ဝှက်ထားသည့် ဥပေက္ခာတို့နှင့် ပြည့်နေတတ်သည်။သူမသည်အမြဲတမ်း ဆိုးရွားသော နိမိတ်တို့ကိုသိရှိသော်လည်း ထိုနိမိတ်တို့သည် ဘယ်ကလာသည်ကို မသိပေ။
သို့သော် ယနေ့မနက်ခင်းတွင် သူမကိုလျှောက်လမ်းမှကြည့်နေသည့် သူမ၏မောင် ကျုံးရှီယို့၏ မျက်လုံး များသည် လွန်ခဲ့သည့်နှစ်ရက်က ရှစ်ကျစ်ထန်၏ မျက်လုံးများနှင့် တစ်ပုံစံတည်းပင်။ ထိုအချိန်တွင် သူမသည် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။
မုန့်ရှစ်ရွှမ်က သူမ၏မျက်ခုံးများကို မပွတ်ဘဲမနေနိုင်ပေ။ သူမသည် လွန်ခဲ့သည့်နှစ်ရက်တွင် အပြင်းအ ထန် စဥ်းစားနေခဲ့ကာ ကောင်းကောင်းအနားမယူခဲ့သောကြောင့် အခုလို ထင်ယောင်ထင်မှားတွေ မြင်နေရတာဖြစ် နိုင်သည်။
သူမစိတ်ကို တည်ငြိမ်အောင်ထားလိုက်ကာ အဖြေလွှာစာရွက်အပေါ်တွင်သာ အာရုံစိုက် ရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊